Wednesday, October 24, 2007

စစ်ခွေးကအတွေးများ

စိတ်ကူးယဉ်တဲ့အလုပ်ကလွဲလို့ဘာမှလုပ်စရာမရှိတဲ့နေရာပါဗျာ။မိုးလင်းကနေမိုးချုပ် ငုတ်တုတ်ထိုင်နေရုံကလွဲလို့ဘာမှလုပ်စရာမရှိ။စကားပြောဖော်မရှိ။မိခင်ဘာသာစကားတောင်
မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြောကြည့်နေ၇တာ။အီအီးပါလို့ကလဲမဖြောင့် ရှူးရှူးပန်းလို့ကလဲအဆင်မပြေ။ဒန်ပုဂံပြားသာသာမိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလဲပါ
ပန်းလဲပန်း လုပ်ရတာကိုး။အီးနှစ်တုံးလောက်ဆို ပေါက်ပြီးသားရှူရှူးတွေက ဖင်ပြန် စင် နေပြီ။ကိုယ့်ရှူရှူ ကိုယ်ရွံနေလို့မဖြစ်ပါဖူးလေ လို့သာ သဘောပိုက်ရပါတော့တယ်။ပါလိုက်ဦးဟ ပန်းလိုက်ဦးဟ။
အီအီး နဲ့ဆန့်ကျင်ဖက် မန်မန်ကျတော့လဲတော်တော် အဆင်ပြေသားခမျ။စာထဲပေထဲမှာတော့
ရောင်စုံသူပုန်ပဲ ကြားဖူးတာ ခုတော့ ရောင်စုံထမင်း ဆိုတာ တွေ့နေပါပြီ။အမယ် ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့များ ထမင်းလုံး နဲ့ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ကိုယ့်မှာက စားစရာဆိုလို့ပါးစပ်တစ်ခုပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ဟင်းပဲ အကောင်းအကန်းလုပ်စားရတာပ။
မနက် ပဲဟင်းတဲ့။ကိုယ်ပျောက်ပဲ။လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲ ဆိုမှ ပဲ ဟင်းပါခမျ။
ညနေ ကျတော့ တာလပေါ ဟင်း။ထောင်စည်းရိုးနားမှာ သန့်ရှင်းရေးကောင်းနေပုံ၇တယ်။ဘာပင် ဘာရွက်မှန်းမသိတဲ့ အလေ့ကျတွေလဲ ဖြစ်နိုင်ပါရဲ့။တွေ့ရာအရွက် ထဲ့လို့သာချက်ထားတဲ့ တာလပေါ နဲ့ မကြာမျှောပြီးရင်ပဲ လာပကော လို့သာ ရေရွတ်လိုက်ပါတော့။ဂွီဂွီဂွမ်ဂွမ် အသံတွေပေးလို့ လုပ်သားမောင်ဝမ်းနှုတ်ဆေး အမလေး အဘလေး တ သွားလောက်ပါရဲ့။အိုဘဲ့တာလပေါ။ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါခက် အနေခက်နေတာ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ဇာ၈နာ တည်းခိုနေရာ စစ်ခွေး န့ဘေးက ကွက်လပ်ထဲမှာမိန်းမ ဘော်လိဘောပြိုင်ပွဲ နဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင်ကျင်းပနေသေးရဲ့။တရွီးရွီးတဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက်ကျသွားလောက်ပါရဲ့ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် သူတို့တွေခမျာလဲ ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာ မဟုတ်ပဲ လို့တွေးပြီး မြန်မာ့အသံက လွှင့်တဲ့ဘောပွဲလိုအသံ သာနားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ကိုင်းနေ၀င်ပြီဆိုတာနဲ့တပ်ထောင်ထာ ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေး ရယ်ကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်း စလိုက်ရပါတော့တယ်။လိုက်သတ်တာတော့မဟုတ်ပါ။ပုဆိုးနဲ့ခါထုတ်ရတာပေါ့။မရိုသေ့စကား
အဲဒီအချိန်မှာတော့ ဇာ၈နာ ဖင်တုန်းလုံးလေးနဲ့ခင်မျ။ဟီဟိ ချစ်စရာလေး။ဒိလို ခါထုတ်မှ မကိုက်၇တဲ့ခြင်တွေခမျာ တဖြေးဖြေးတပ်ကွဲသွားပြီး ည ၁၁ နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ဒီလိုနဲ့ပဲ ဇာဂနာ့တစ်နေတာ ဟာ ပြီးဆုံးခဲ့ရပါတယ်။သူများတကာအိပ်ချိန်ရောက်ပြန်လဲ မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိရေပဲသောက်လို့ ခြင်တပ်ကြီးမပျောက်မချင်းထိုင်လို့သာစောင့်နေရပါတော့တယ်။

1 comment:

Zarni Lwin said...

Wow...what an experience you had. Again, I'm impressed with your great sense of humor. Even though you had a tough experience, I was laughing out loud as I was reading.