Wednesday, October 24, 2007

လွဲလိုက်တာများ(ဇာဂနာအဖမ်းခံရခြင်း ၅)

ထောင်ကြီးကမှောင်ကြီးကျလို့။ထောင်လယ်လမ်းတစ်လျောက်မှာတော့ ဇာ၈နာတို့တစ်သိုက် ငိုက်စိုက်ငိုက်စိုက်နဲ့ပေါ့။မငိုက် ခံ နိုင်ပါ့မလား။မတော် ခလုပ်တိုက်လို့ ခြေထောက်ကွဲ ရင် ဘယ်သူမှ ဆေးလာပေးမှာ ဟုတ်ဖူးလေ။အင်းစိန်ထောင်ရဲ့ အလယ်တည့်တည့်က မိန်းဂျေးလ်(ခုထိ မြန်မာလိုအခေါ်အဝေါ် မပြောင်းနိုင်တဲ့အထဲ သူလဲပါတာပေါ့)လဲရောက်ရော

လူတန်းကြီးရပ်။အုပ်စု သုံးစုခွဲလိုက်ပါတယ်။အများစုက ငါးဆောင် ပဲခူးက ဆရာတော် ဦးတေဇောဘာသ (ရန်ကုန်မြို့တော်ခန်းမရှေ့မှာတစ်ပါးထဲ ဆန္ဒပြတဲ့ ဘုန်းဘုန်းပေါ့)ကဆေးရုံဆောင် NLD က ဦးလှဖေCRPP က ဦးကျင်ရှင်းထန် နဲ့ဇာ၈နာ တို့ သုံးယောက် က တစ်အုပ်စုပေါ့။အစကမပြောလား။သေချာပါပြီ။အထူးဝင်းဆီကိုသွားရမှာပါ။ဟိုထဲမှာ ပေါ်ဦး(မင်းကိုနိုင်)တို့ ကေကျု(ကိုကိုကြီး)တို့နဲ့တွေ့မှာ မြေကြီးလက်ခတ် တာကမှ လွဲ ဦးမယ်။ထင်တဲ့အတိုင်းပါပဲ။ဇာ၈နာတို့သုံးယောက်ကို ထောင်မှူးတစ်ယောက် ထောင်ကြပ်နှစ်ယောက် ဦးဆောင်လို့ မြောက်ဖက်ကို ဦးတည်ပြီးခေါ်လာပါလေရော။အထူးဝင်းရှေ့ရောက်တော့ ရပ်မလားမှတ်တယ်။ကျော်သွားတယ်ခင်မျ။ဆက္သယ္သြားတယ္ခင္မ်။ဘယ်လိုလို ညာလိုလိုပေါ့ခင်မျာ။ဘောပွဲ ကြေညာသလိုသာ အော်လိုက်ချင်ပါရော့။မြောက်ဖက်တန်းတန်းဆက်ခေါ်သွားပြန်တော့ သုံးဆောင် လဲ မဟုတ် ဘယ်ကိုလဲ ဘယ်ဆီဘယ်ဝယ်မှန်းဆကာတွေးလို့မရတော့တယ်။အလုပ်ကြီးတစ်ခုပဲရှိတော့တယ်။အလုပ်ကြီးဆိုတာက တစ်ထောင်လုံး က အကျဉ်းကျနေတဲ့အလုပ်သမားတွေကို အကျီင်္င်္ချုပ် အိပ်ချုပ် ဆပ်ပြာချက် အဲဒါတွေလုပ်တဲ့နေရာပေါ့။ဒီနေရာမှာတော့ မထားလောက်ပါဖူး လို့တွေးနေတုန်း ဗြုန်းဆို ညာဖက်လဲကွေ့လိုက်ရော ၀ူးဝူး အူဝူးဝူး ၀ုတ်ဝုတ် အာဝုတ်ဝုတ် ဆိုတဲ့အသံတွေ ဆူညံပွက်လော၇ိုက် ထွက်လာတော့မှ ဟိုက် သွားပြီ စစ်ခွေး။နာမယ်ကျော် စစ်ခွေးဆောင်။ထောင်ထဲမှာ ၇န်ဖြစ်တဲ့လူတွေ ယောက်ျားချင်းအ၀ှာပြုလို့ ပြစ်ဒဏ်ခံရသူတွေ ကို တိုက်ပိတ်ထားတဲ့နေရာ။ထောင်တစ်ခုလုံးမှာ အဆိုးဆုံးနေရာ။သွားပါလေရော။မှန်းလာတာက အထူး ခုတော့ တော်သလင်းမြူးတဲ့ ခွေးဝူ၀ူး တို့အလယ် ဇာ၈နာ မျက်နှာငယ် နဲ့ ရောက်ရပြီပေါ့။အာဝူး ၀ုတ်ဝုတ် ၀ုတ်။otherworld By Hteinlin

No comments: