Tuesday, October 30, 2007

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာအကြောင်း




ဇောတိသဝေဒမဂ္ဂဇင်းစာတည်းချုပ် ဆရာမြိုင်က ဘယ်သူ့ဆီကရသည်မသိ ညဥ့် ၈နာရီ၄၅မိနစ်ဖွားဟုတွက်ထား ၏်။မမှန်ပါ။ဖက်ဆစ်တော်လှန်ရေးဖြစ်သောအခါ ဒေါ်ခင်ကြည်မိသားစုကို ရဲဘော်တွေက မြောင်းမြမြို့သို့ တိတ်တဆိတ်ပို့သည်။ မြောင်းမြရောက်ကာနီး ရွာ တစ် ရွာရောက်လျင် ဒေါ်ခင်ကြည် နေမကောင်း ၍ သူကြီးအိမ်မှာ ထားပြီး ရဲဘော်တွေက ဘုန်းကြီးကျောင်းမှာ အိပ်ကြရသည်။အထက်ပါနေ့နံက် ၁၀ နာရီ ခွဲတွင် ဖွားမြင်သည် ဟု ပါသွားသည့် ဗိုလ်မှူးတစ်ယောက်က ပြောသွားပါသည်။ဤဇာတာ အရ တနင်္ဂနွေြ၈ိုဟ် ကို ရာဟု နှင့် စနေ တို့က လာဘ အိမ်တွင် ပူးယှဉ် ထားသောကြောင့် ဖခင်ဖြစ်သူ စောစွာကွယ်လွန်ရသည်။တနင်္လာသည် ကတုမ္ပအိမ်၌ ရပ်တည်နေ၍ မိခင်က အကျိုးပြုသည်။လဂ် ၏ ကိုးတန့် သုဘ (တင့်တယ်ခြင်း)အိမ်၌ သောကြာ နှင့် အင်္ဂါ ပူးနေ၍ ကသစ် ဂြိုဟ် အင်္ဂါ ကို သောကြာ အကျိုးပြုနေသဖြင့် နိုင်ငံခြားသား ချစ်သူ နှင့်တွေ့ရသည်။ထိုချစ်သူသည် သောကြာ ဂြိုဟ် အားကောင်းသဖြင့် ပညာရှိ တွေးခေါ်ပညာရှင် ဖြစ်၍ နီပေါ ဘူတန် နိုင်ငံတို့သို့ တက်၍ ဗုဒ္ဓဘာသာ အကြောင်းလေ့လာချက် စာတန်းပြုစုပြီး ဒေါက်တာ ဘွဲ့ကို ရခဲ့သည်။လဂ် သည် သိဟ်ရာသီ လဂ် ဖြစ်၍ ကြာသပတေး ဂြိုဟ် ကြီး ပူးယှဉ်နေသောကြောင့် ဇာတာရှင်အား ပုဂ္ဂိုလ် ကြီးတစ်ဦး စောင့်ရှောက်နေသည်။သူ့ကိုမကောင်းပြောသူ မကောင်းပြုသူ မှန်သမျှ ပျက်စီးရမည်။အသက် ၄၃ နှစ်က မြန်မာနိုင်ငံသို့ရောက်လာသည်။ထိုအချိန်တွင် စနေ ဒသာ ထဲဝင်သွားသဖြင့် ၁၉နှစ်လုံးလုံး အကျပ်အတည်း အခက်အခဲ နှင့် ကြုံရသည်။ယခု ၂၀၀၇ ခုနှစ်တွင် စနေ ဒသာ ကုန်၍ ဗုဒ္ဓဟူးဒသာ သိ့ ၀င်သည်။ဗုဒ္ဓဟူးသည် လာဘ အိမ်တွင် ရာဟု နှင့်ပူးနေပြန်သဖြင့် လေ ပြေလေညှင်း နှင့် လေပြင်းမုန်တိုင်းတွန်းအားကြောင့်အမြန်ဆုံးတိုးတက်အောင်မြင်ရမည်။ဤတွင် ပြည်တွင်းပြည်ပ ကူညီမှုအင်အားရရှိမည်။တနင်္လာ ဂြိုဟ်သည် ဒီမိုကရေစီြ၈ိုဟ် ဖြစ်၍မျက်နှာ ရာသီ ၌ နေခြင်းကြောင့် မျက်နှာ မြင် ချစ်ခင်ပါစေ အသံ ကြား သနားပါစေ ဆုနှင့် ပြည့်စုံသည်။ပြည်သူအားလုံး၏ မေတ္တာကိုခံယူ၇မည်။ဒီမိုကရေစီ ၏မိခင်ကြီးအဖြစ် အသိအမှတ်ပြုရမည်။
ဆရာကြီးဝေဒဂူ
မှတ်ချက်
ဆရာ ဝေဒဂူ သည် ပိုက်ဆံယူ ဗေဒင်ဟောသူမဟုတ်ချေ။ဖော်ပြပါဟောစာတန်းကို ပြီးခဲ့သည့်နှစ်က မိုးမခ မှာ နိုင်ငံရေးဟောကိန်းအဖြစ် ဖော်ပြပြီးဖြစ်သည်။၂၀၀၃ ခုနှစ်က ဒေါ်စုအား စစ်ကိုင်းတိုင်းသို့ မသွားရန် နှင့် သွားခဲ့ပါက အလုပ်ကြံခံရမည် ဟု ကြိုပြောခဲ့သူဖြစ်သည်။မှတ်မှတ်ရရ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

Saturday, October 27, 2007

သံဃံပူဂျေးမိ(ပူဇေးမိ မဟုတ်ပါ)မှ လွတ်မြောက်လာခြင်း

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တစ်ပါးထဲ ဆန္ဒပြခဲ့တဲ့ ပဲခူးမြို့ ကလျာဏီ ကျောင်းတိုက်က ဆရာတော် ကြီး ဦးတေဇောဘာသ မနေ့က လွတ်မြောက်လာပါတယ်။သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့ဆရာတော်ကြီးကို ပထမ ကGTCကျောင်းဝင်းထဲက ရဲအကျဉ်းစခန်း ပြီးတော့ ပုလဲ မြို့သစ်က အကျဉ်းစခန်း နောက်တော့ အင်းစိန်ထောင် ဆေးရုံဆောင် ပြီးမှ အင်းစိန်သီးသန့်ထောင်တို့ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး ၂၅ အောက်တိုဘာ ည မှာတော့ တခြား သံဃာတော် ၁၃ ပါးနဲ့အတူ ပြန်လွှတ်ပေးခဲ့ပါတယ်။ခြေထောက်မှာ သံခြေကျင်းခတ်ထားတဲ့ ဒဏ် လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ ဒဏ်တွေနဲ့ဆရာတော် ကြီးဟာ လမ်းကောင်းကောင်းမလျောက်နိုင်သလို လက်လဲမမြှောက်နိုင်ရှာပါဖူး။

နိုင်ငံကျော် ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးလက်ရေး နဲံစာ




အခြေအနေအရ ဆရာတော် ကြီး ရဲ့အမည်ကို ထုတ်ဖော်မပြောနိုင်တာကိုတော့ နားလည်ပေးကြပါ။အင်္ဂါသားဆရာတော်ကြီးပါ။စာတတ်ပေတတ်ပညာတတ်ပါ။.

Wednesday, October 24, 2007

စစ်ခွေးကအတွေးများ

စိတ်ကူးယဉ်တဲ့အလုပ်ကလွဲလို့ဘာမှလုပ်စရာမရှိတဲ့နေရာပါဗျာ။မိုးလင်းကနေမိုးချုပ် ငုတ်တုတ်ထိုင်နေရုံကလွဲလို့ဘာမှလုပ်စရာမရှိ။စကားပြောဖော်မရှိ။မိခင်ဘာသာစကားတောင်
မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြောကြည့်နေ၇တာ။အီအီးပါလို့ကလဲမဖြောင့် ရှူးရှူးပန်းလို့ကလဲအဆင်မပြေ။ဒန်ပုဂံပြားသာသာမိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလဲပါ
ပန်းလဲပန်း လုပ်ရတာကိုး။အီးနှစ်တုံးလောက်ဆို ပေါက်ပြီးသားရှူရှူးတွေက ဖင်ပြန် စင် နေပြီ။ကိုယ့်ရှူရှူ ကိုယ်ရွံနေလို့မဖြစ်ပါဖူးလေ လို့သာ သဘောပိုက်ရပါတော့တယ်။ပါလိုက်ဦးဟ ပန်းလိုက်ဦးဟ။
အီအီး နဲ့ဆန့်ကျင်ဖက် မန်မန်ကျတော့လဲတော်တော် အဆင်ပြေသားခမျ။စာထဲပေထဲမှာတော့
ရောင်စုံသူပုန်ပဲ ကြားဖူးတာ ခုတော့ ရောင်စုံထမင်း ဆိုတာ တွေ့နေပါပြီ။အမယ် ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့များ ထမင်းလုံး နဲ့ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ကိုယ့်မှာက စားစရာဆိုလို့ပါးစပ်တစ်ခုပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ဟင်းပဲ အကောင်းအကန်းလုပ်စားရတာပ။
မနက် ပဲဟင်းတဲ့။ကိုယ်ပျောက်ပဲ။လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲ ဆိုမှ ပဲ ဟင်းပါခမျ။
ညနေ ကျတော့ တာလပေါ ဟင်း။ထောင်စည်းရိုးနားမှာ သန့်ရှင်းရေးကောင်းနေပုံ၇တယ်။ဘာပင် ဘာရွက်မှန်းမသိတဲ့ အလေ့ကျတွေလဲ ဖြစ်နိုင်ပါရဲ့။တွေ့ရာအရွက် ထဲ့လို့သာချက်ထားတဲ့ တာလပေါ နဲ့ မကြာမျှောပြီးရင်ပဲ လာပကော လို့သာ ရေရွတ်လိုက်ပါတော့။ဂွီဂွီဂွမ်ဂွမ် အသံတွေပေးလို့ လုပ်သားမောင်ဝမ်းနှုတ်ဆေး အမလေး အဘလေး တ သွားလောက်ပါရဲ့။အိုဘဲ့တာလပေါ။ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါခက် အနေခက်နေတာ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ဇာ၈နာ တည်းခိုနေရာ စစ်ခွေး န့ဘေးက ကွက်လပ်ထဲမှာမိန်းမ ဘော်လိဘောပြိုင်ပွဲ နဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင်ကျင်းပနေသေးရဲ့။တရွီးရွီးတဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက်ကျသွားလောက်ပါရဲ့ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် သူတို့တွေခမျာလဲ ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာ မဟုတ်ပဲ လို့တွေးပြီး မြန်မာ့အသံက လွှင့်တဲ့ဘောပွဲလိုအသံ သာနားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ကိုင်းနေ၀င်ပြီဆိုတာနဲ့တပ်ထောင်ထာ ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေး ရယ်ကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်း စလိုက်ရပါတော့တယ်။လိုက်သတ်တာတော့မဟုတ်ပါ။ပုဆိုးနဲ့ခါထုတ်ရတာပေါ့။မရိုသေ့စကား
အဲဒီအချိန်မှာတော့ ဇာ၈နာ ဖင်တုန်းလုံးလေးနဲ့ခင်မျ။ဟီဟိ ချစ်စရာလေး။ဒိလို ခါထုတ်မှ မကိုက်၇တဲ့ခြင်တွေခမျာ တဖြေးဖြေးတပ်ကွဲသွားပြီး ည ၁၁ နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ဒီလိုနဲ့ပဲ ဇာဂနာ့တစ်နေတာ ဟာ ပြီးဆုံးခဲ့ရပါတယ်။သူများတကာအိပ်ချိန်ရောက်ပြန်လဲ မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိရေပဲသောက်လို့ ခြင်တပ်ကြီးမပျောက်မချင်းထိုင်လို့သာစောင့်နေရပါတော့တယ်။

လွဲလိုက်တာများ(ဇာဂနာအဖမ်းခံရခြင်း ၅)

ထောင်ကြီးကမှောင်ကြီးကျလို့။ထောင်လယ်လမ်းတစ်လျောက်မှာတော့ ဇာ၈နာတို့တစ်သိုက် ငိုက်စိုက်ငိုက်စိုက်နဲ့ပေါ့။မငိုက် ခံ နိုင်ပါ့မလား။မတော် ခလုပ်တိုက်လို့ ခြေထောက်ကွဲ ရင် ဘယ်သူမှ ဆေးလာပေးမှာ ဟုတ်ဖူးလေ။အင်းစိန်ထောင်ရဲ့ အလယ်တည့်တည့်က မိန်းဂျေးလ်(ခုထိ မြန်မာလိုအခေါ်အဝေါ် မပြောင်းနိုင်တဲ့အထဲ သူလဲပါတာပေါ့)လဲရောက်ရော

လူတန်းကြီးရပ်။အုပ်စု သုံးစုခွဲလိုက်ပါတယ်။အများစုက ငါးဆောင် ပဲခူးက ဆရာတော် ဦးတေဇောဘာသ (ရန်ကုန်မြို့တော်ခန်းမရှေ့မှာတစ်ပါးထဲ ဆန္ဒပြတဲ့ ဘုန်းဘုန်းပေါ့)ကဆေးရုံဆောင် NLD က ဦးလှဖေCRPP က ဦးကျင်ရှင်းထန် နဲ့ဇာ၈နာ တို့ သုံးယောက် က တစ်အုပ်စုပေါ့။အစကမပြောလား။သေချာပါပြီ။အထူးဝင်းဆီကိုသွားရမှာပါ။ဟိုထဲမှာ ပေါ်ဦး(မင်းကိုနိုင်)တို့ ကေကျု(ကိုကိုကြီး)တို့နဲ့တွေ့မှာ မြေကြီးလက်ခတ် တာကမှ လွဲ ဦးမယ်။ထင်တဲ့အတိုင်းပါပဲ။ဇာ၈နာတို့သုံးယောက်ကို ထောင်မှူးတစ်ယောက် ထောင်ကြပ်နှစ်ယောက် ဦးဆောင်လို့ မြောက်ဖက်ကို ဦးတည်ပြီးခေါ်လာပါလေရော။အထူးဝင်းရှေ့ရောက်တော့ ရပ်မလားမှတ်တယ်။ကျော်သွားတယ်ခင်မျ။ဆက္သယ္သြားတယ္ခင္မ်။ဘယ်လိုလို ညာလိုလိုပေါ့ခင်မျာ။ဘောပွဲ ကြေညာသလိုသာ အော်လိုက်ချင်ပါရော့။မြောက်ဖက်တန်းတန်းဆက်ခေါ်သွားပြန်တော့ သုံးဆောင် လဲ မဟုတ် ဘယ်ကိုလဲ ဘယ်ဆီဘယ်ဝယ်မှန်းဆကာတွေးလို့မရတော့တယ်။အလုပ်ကြီးတစ်ခုပဲရှိတော့တယ်။အလုပ်ကြီးဆိုတာက တစ်ထောင်လုံး က အကျဉ်းကျနေတဲ့အလုပ်သမားတွေကို အကျီင်္င်္ချုပ် အိပ်ချုပ် ဆပ်ပြာချက် အဲဒါတွေလုပ်တဲ့နေရာပေါ့။ဒီနေရာမှာတော့ မထားလောက်ပါဖူး လို့တွေးနေတုန်း ဗြုန်းဆို ညာဖက်လဲကွေ့လိုက်ရော ၀ူးဝူး အူဝူးဝူး ၀ုတ်ဝုတ် အာဝုတ်ဝုတ် ဆိုတဲ့အသံတွေ ဆူညံပွက်လော၇ိုက် ထွက်လာတော့မှ ဟိုက် သွားပြီ စစ်ခွေး။နာမယ်ကျော် စစ်ခွေးဆောင်။ထောင်ထဲမှာ ၇န်ဖြစ်တဲ့လူတွေ ယောက်ျားချင်းအ၀ှာပြုလို့ ပြစ်ဒဏ်ခံရသူတွေ ကို တိုက်ပိတ်ထားတဲ့နေရာ။ထောင်တစ်ခုလုံးမှာ အဆိုးဆုံးနေရာ။သွားပါလေရော။မှန်းလာတာက အထူး ခုတော့ တော်သလင်းမြူးတဲ့ ခွေးဝူ၀ူး တို့အလယ် ဇာ၈နာ မျက်နှာငယ် နဲ့ ရောက်ရပြီပေါ့။အာဝူး ၀ုတ်ဝုတ် ၀ုတ်။otherworld By Hteinlin

သံ့ဃံ သရဏံ ဂစ္ဆာမိ


အကျဉ်းထဲက လွတ်လာပြီးတဲ့နောက် စမ်းချောင်းဗားဂရာတောရ နဲ့ မြောက်ဥက္ကလာ ပစ္ဆိမာရုံကျောင်းတွေရယ်မှာဆွမ်းကပ်လှူခဲ့ပါတယ်။အသားဟင်းနဲ့ဘုဉ်းမပေးရတာ ကြာပြီဖြစ်တဲ့ ကိုရင်လေးတွေကို ဖူးရတာ လွန်စွာကြည်နူးမိပါတယ်။အတူတူ ကုသိုလ်ရကြဖို့ သာဓုခေါ်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။
အမှန်အကန်အဖန်ဖန်သစ္စာရှိကြဖို့ သံဃံသရဏံ ဂစ္ဆာမိကြပါတော့ အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့ ဘုရားရိုက်တာသာခံကြပေရော့လို့ မလျော့မပို အသော့ဆိုလိုက်ပါရဲ့။

Tuesday, October 23, 2007

သင်္ကန်းဂုဏ်ရည်

(၁)
ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ
ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ
သံဃဿ အ၀ဏ္ဏံ ဘာသတိ
ရတနာသုံးပါးဦးထိပ်ထား
ပြစ်မှားစကားမပြောနှင့်
ပြစ်မှားသမှုမပြုနှင့်
(၂)
အတုလား အစစ်လား ခွဲခြားဖို့မလို
သူ့ကိုယ်မှာရောင်ဝါလျှမ်း
မြတ်သင်္ကန်းတွေ့ ရလျှင်
ဆဒ္ဒန်ဆင်ဘုရားအလောင်းသည်
ဘ၀ပေါင်းသင်္ချေအတိ
ပါရမီတော် ဖြည့်ခဲ့
သတိနဲ့ဆင်ခြင် ဥာဏ်အမြင်ပွားများ
ခန္တီတရားအရင်းစိုက်၍
လူမိုက်ကြီးသောနုတ္ထိုရ်
သင်လိုချင်သည့်အစွယ်နှစ်ချောင်း
လွှကောင်းကောင်းနှင့်ကိုယ်တိုင်ဖြတ်
ပေးအပ်၍ဆုပန်
ဣဒံမေပုညံ သဗ္ဗညုတ ဥာဏဿ
ပစ္စယောဟောတု။
(၃)
သုဘဒ္ဒါအရှင်မ
ဆက် သ လို့အကြောင်းဖန်
နားတောင်းပန်ပျော်ရွှင်မြူးပါတော့ တဲ့
လူထူးကြီး သောနုတ္ထိုရ်
အစွယ်ကိုပိုက် နန်းတော်တိုက်ဝင်
သခင်မဘုရား ရှုတော်မူဘုရား
တရားကြောင်းဆက်နွယ် ရန်သူကြီးအစွယ်ကို
နားဝယ်ဆင်သ ရွှင်ပြပြနှင့်
သခင်မ ကျေနပ်တော်မူပါတော့ တဲ့။
(၄)
ရွှေဝါရောင်တူ စွယ်နှစ်ဆူကို
မြင်မူထိတ်ထိတ် ရှေးအတိတ်ကို
တရိပ်ရိပ်တွေး တရိပ်ရိပ်ဆွေးပြီး
ကျေးဇူးကိုမထောက်ထား
မိုက်မှားမိလေခြင်း ဟု
ရင်တွင်းမှာ ဗြုံးကနဲ
နှလုံးကွဲ၍ နတ်ရွာစံလေသတည်း။
နန်းညွန့်ဆွေ
၂၃ အောက်တိုဘာ၂၀၀၇

Monday, October 22, 2007

ခရမ်းပြာမြင်းရိုင်းရဲ့သမိုင်းတွင်မဲ့ကဗျာ


ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏
သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ် လူသတ်သမား အလိုမရှိ
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင် ခွေးသရမ်း အလိုမရှိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် သံဃာ၊ ရိုသဒ္ဓါ၊ ညီညာကြရာ၏
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္ဓါယ
သန့်ရှင်းသော အစိုးရ ထူထောင်ကြ
ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ ။

အောင်ဝေး
(၂၇-၁၀-၀၇)

ရှရီ=ဂြီ(သက္ကတ)၊ သိရီ(ပါဠိ)=ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံသော

အပြည့်အစုံသို့...

ဇာဂနာအဖမ်းခံရခြင်း(၃)

အောင်သပြေနိမိတ်ကောင်းယူမယ်လေ(အပိုင်း၃)

zarganar | 21 October, 2007 23:44

အောင်သပြေ နိမိတ်ကောင်းယူမယ်လေ ဆိုတဲ့ကိုအံ့ကြီးသိချင်းစာသားဟာ ဇာ၈နာ့ပါးစပ်ထဲတရစပ်ကိုရောက်နေပါတော့တယ်။မရောက်ခံနိုင်ပါရိုးလား။ဇာဂနာ ရောက်နေတဲ့နေရာက နာမယ်ကျော် အောင်သပြေ စစ်ကြောရေးစခန်းလေ။၂၆ စက်တင်ဘာ မနက် ၇နာရီလောက်မှာ အင်းစိန် သီးသန့်ထောင်ကနေ ဇာ၈နာ ကို ဒီအောင်သပြေစခန်းထဲခေါ်လာတာကိုး။၂၄ ပေ ၄၈ပေ ကျယ်တဲ့နှစ်ထပ်ဆောင်ရဲ့ အနောက်တောင်ထောင့်စွန်းအခန်းမှာ ကွပ်ပျစ်တလုံးနဲ့ ဇာ၈နာ စံမြန်းခွင့်ရခဲ့ပါတယ်။စောင်မရှိ ခေါင်းအုံးမရှိ ခြင်တော့ရှိ ဆိုတဲ့ ၁၀ပေ ၁၂ ပေ အခန်းထဲ သုံးည နဲ့လေးရက်တိတိ စစ်ကြောမေးမြန်းခံရပြီးသကာလ ၂၉ စက်တင်ဘာ၂၀၀၇ ညနေ ၆ နာရီလောက်မှာတော့ ရဲအုပ် ကိုသက်နိုင်က ကိုသူရရေ ရွှေ့မယ် အဆင်သင့်သာ ပြင်ထားပေတော့တဲ့။ဇာ၈နာ တော်တော် ပျော်သွားတယ်။ဟုတ်တယ်လေ တစ်ယောက်ထဲ အခန်းထဲလှောင်ပိတ် နေ နေရတာ နဲ့စာရင် ထောင် ထဲမှာ ဘော်ဒါတွေနဲ့တော်ကီ လေး ပွားရင်း အချိန်တွေကုန်ရတာက ပိုသက်သာ တာပေါ့။နောက်တစ်ခုက ပေါ်ဦးတို့ ၈ျင်မီ တို့နဲ့တွေ့ရမှာ သေချာတယ်။ကိုယ်တွေ့ကြုံခဲ့ရတာတွေ သူတို့နဲ့ဖောက်သည်ချမယ်။ရှေ့ဆက် လုပ်သင့်လုပ်ထိုက်တာတွေ တိုင်ပင်မယ် ဆွေးနွေးမယ်။အရေးကြီးတာကတော့ ဘောလုံးအသင်းလိုပဲ အရန်အင်အားကောင်းအောင် ဖွဲ့စည်းဖို့။စိတ်ကူးတွေတယဉ်ယဉ် နဲ့ ခေါ်ဆောင်ရာကားနောက်လိုက်လာတဲ့အချိန်မှာ ဘွားဆို အင်းစိန်ထောင်ကြီးလဲတွေ့လိုက်ရော ရွေ့ နိပ်ပဟ လို့ရေ ရွတ်မိလိုက်ပါတော့တယ်။ဒါကြောင့်ပြောတာပေါ့ အောင်သပြေ ဟာ နိမိတ်ကောင်းပါတယ်လို့

ဇာဂနာ အဖမ်းခံရခြင်း(၂)

ဇာဂနာအဖမ်းခံရခြင်း(၂)

zarganar | 20 October, 2007 16:14

လော်စပီကာက လိုက်အော်နေတာကတော့ ည မထွက်ရအမိန့်တဲ့။ဒီတော့လဲ ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။တကယ်ကတော့ လူ ကတော်တော် ပြိုင်းနေပြီ။ရေချိုးလိုက်တော့ ငိုက်လာတယ်။ဒါပေမဲ့အိပ်လို့ကမဖြစ်သေးဖူးလေ။ဓါတ်ပုံတွေ video file တွေပို့ရချေဦးမယ်။ကွန်ပျူတာရှေ့ကထ တော့ ၁၂နာရီ ထိုးနေပြီး။အိပ်မ၇သေးတာနဲ့ တီဗိရှေ့ခနထိုင်ပြီး ဆရာကြီး မာတင်စကော့ဆေးဆေး ရဲ့ DEPARTED ကို ကြည့်နေလိုက်တာ ၁၅ မိနစ် ပဲ ကြာမယ် ထင်ပါရဲ့ ခေါင်းလောင်းသံ တညံညံပေးလို့ မောင်မင်းကြီးသားများ ကြွချီလာပါတော့တယ်။ထုံးစံအတိုင်း သန်းခေါင်စာရင်းစစ်မယ်ပေါ့လေ။သို့သော်လဲ တဲ့ အဲ တဲ့ ဆိုသလိုပါပဲ မှတ်ပုံတင် ကပ်ပြားတောင် မျက်မွေးထော် လော် လို့မကြည့်ပဲ ဇာဂနာ့ အခန်းတစ်ခန်းလုံးအကြိုအကြားပါမကျန် ရှာနေပါတော့တယ်။ကိုအောင်ဝေး ရဲ့လက်ရေးနဲ့ရေးထားတဲ့ ပြည်သူသို့ပန်ကြားချက် စာရွက်ရယ် မင်းဇေယျာ ရဲ့လိပ်စာကပ်ပြားရယ်

ပြုံးချို မင်္ဂလာဆောင်တုန်းက စုရိုက်ထားတဲ့ ဓါတ်ပုံတွေရယ် ဇာဂနာ့ လက်ကိုင်ဖုန်းလေးရယ် သိမ်းဆည်းပြီးသကာလ အစောင့်အကြပ်များစွာနဲ့ ဇာ၈နာကို ကားပေါ်တင်ခေါ်လာပါတော့တယ်။ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်ရောက်တဲ့အခါမှာတော့ အော် ငါ့ကို အင်းစိန်ထောင်ပို့တော့မှာပဲ လို့အတတ်သိလိုက်ပါလေရော။ကောင်းပေါ့ကွာ ပေါ်ဦးတို့ ကေကျု တို့နဲ့တွေ့ရချေသေးရဲ့ သူတို့နဲ့တွေ့ရင် ဘာတွေပြောရမယ် ဆိုတာ စာလုံးတွေ စီနေတုန်း ဗြုံးဆို မော်တော် ကားကြီး က ကဒန်း ကဒန်း နဲ့ထိုးရပ်သွားပါလေရော။ ဘာဖြစ်မှန်းလဲမသိတော့ မောင်မင်းကြီးသားတွေခမျာ လက်နှိပ် ဓါတ်မီး နဲ့ တောင် တထိုးထိုး မြောက်တ ထိုးထိုးပေါ့။နေရာက စက်မှုတက္ကသိုလ်ရှေ့ ဆိုတော့ ဇာဂနာ့စိတ်ထဲ ခုနေ ဆင်းပြေး ကျောင်းဝင်းထဲပြေးဝင် အဲ ပြီးရင်တော့ ကျွန်တော် ဇာ၈နာပါခင်မျ ကျွန်တော့်ကို သူတို့ဖမ်းလာပါတယ် လို့အော် ကျောင်းသားတွေ ပြေးထွက်လာ။ပွဲသိမ်းပဲ။သို့သော်လဲ တဲ့ အဲ တဲ့ ဆိုသလို ကျောင်းတွေက ပိတ်ထားပြန်လေတော့ နေရာက မကျချင်ဖူး။တစ်ခါ မောင်မင်းကြီးသားများက သေချာပေါက် လိုက်ဖမ်းမှာအမှန်ပြီးရင် ကိုယ့်ကို ဗျင်း ဦးမှာသေချာတယ်။ဇာဂနာ ဆိုတဲ့ကောင် ကလဲ သူ့အသားနာမှာတော်တော် ကြောက်သလို သူများအသားနာအောင်လဲတစ်ခါမှ မလုပ်စဖူး။ထူးပါဖူးလေ ဆို ပြီး နေရာမှာသာ ငုတ်တုတ် ထိုင်နေရပါတော့တယ်။ဒီလိုနဲ့ အင်းစိန်မြို့ရဲ့ ကျက်သရေဆောင် အင်းစိန်ထောင်ကြီးရဲ့ တွဲဘက်ထောင်ဝင်း ကို ရောက်လာပါလေရော။မောင်မင်းကြီးသားများကလဲသူတို့လက်ကလွတ်ဗြွတ် လို့များသဘောထားလေသလားမသိပါဖူး။တွဲဖက်ထောင် ရုံးခန်းထဲ ဇာဂနာ့ကို ထားခဲ့ပြီး ထွက်သွားကြပါလေရော။ကြိုဆိုဧည့်ခံမဲ့သူတစ်ယောက်မှ မရှိပေမဲ့ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီး ရုံးခန်းထဲမှာ ဇာဂနာတစ်ယောက် ကတော့ ခြေဆန့်လက်ဆန့်နဲ့ကားယားကြီးအိပ်ပျော်နေပါတော့တယ်။ဝါး အိပ်လို့တယ်ကောင်း။

ဇာဂနာ အဖမ်းခံရခြင်း(၁)

Sample Image

ဇာဂနာ ၂၀၀၇ ဒိုင္ယာရီမဵား (၁)

ဇာဂနာ အဖမ်းခံရခင်း
အောက်တိုဘာ ၁၉၊ ၂၀၀၇

၁၇ စက်တင်ဘာ ၂၀၀၇ က စလိုက်တဲ့ သံဃာထုတိုက်ပွဲဟာ တဖေးဖေး အရှိန်ကောင်းလာလိုက်တာ ၂၄ စက်တင်ဘာ ၂၀၀၇ မှာတော့ ကြောက်ခမန်းလိလိပပဲ။ ပည်သူမပဘူး၊ ပည်သူမပဘူးနဲႚ ပောပောနေကြသူတွေကတော့ ကိုယ်စကားကိုယ်ဝးလိုႚသာ စားလိုက်ကြပတော့။

ရန်ကုန်မို့အနှံ့မှာသိန်းချီပြီး လမ်းမပေါ်ထွက်နေတဲ့သူတွေဟာ ဘယ်သူကမှ ရိုက်မောင်းပုတ်မောင်းလုပ်ပြီး လျောက်ခိုင်းနေတာ မဟုတ်ကြသလို၊ သူများအမိန်ႚပေးတိုင်း လုပ်နေကြတဲ့သူတွေလည်း မဟုတ္ပၝဘူး။ ျပည္သူႚရင္ထဲက အသံနဲႚဟန္ကို အတိုင်းသားမြင်လိုက်ရတဲ့အခၝ ကြက်သီးများတောင် တဖျန်းဖျန်း ထမိပၝရဲႚ။

More...

ဇာဂနာတိုႚလည်း ကိုယ့်အစီအစဉ်အတိုင်း ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်က ကြေးသွန်းဘုရားကြီးမှာ ၂၄၊ ၂၅ ရက်တွေမှာ နံနက်ဆွမ်းကပ်လှူပြီး၊ သံဃာတော်တွေ ခဵျီတက်မယ့်လမ်းကြောင်းတလေဵာက်မှာ ရေသန်ႚ၊ သီးစုံဓာတ်ဆား၊ Vicks ချောင်းဆိုးပျောက်ငုံဆေးပြားတွေ ဆက်ကပ်ကြဖိုႚ ကား ၅စီး လက်ကိုင်စပီကာ ၅ လုံးနဲႚ စေလွှတ်၊ ဆရာဝန် ၁၀ ဦး၊ ဆေးကျောင်းသူ ကျောင်းသား ၂၅ ဦးတိုႚကို အဲသည် ကားတွေပေၞတင်၊ လိုအပ်တဲ့ ဆေးဝၝး၊ နားကြပ်၊ သွေးဖိအားတိုင်း ကိရိယာတွေ အစုံအလင္နဲႚ ခဵ်ီတက္ရာ လမ်းကြောင်းတလျောက်မှာ ဘာမှလိုလေသေးမရှိအောင် စီစဉ်ခဲ့ရပၝတယ်။

Sample Image

သည်နောက်မှာတော့ အလှူရှင်တွေကို သံဃာတော်တွေ ခဵျီတက်မယ့် လမ်းကြောင်းမှာရှိတဲ့ လမ်းဆုံတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်နိုင်အောင် နေရာတွေသတ်မှတ်ပေးပြီး၊ ကိုအောင်ဝေး၊ ကိုတင္သစ္တိုႚနဲႚ ချိတ်ဆက်ပေးခဲ့ရပၝတယ်။

နေႚလည် ၂ နာရီခွဲမှာတော့ တော်တော်လေး အရှိန်ရလိုႚ အဆင်ပြေပြီဆိုတော့မှ နိုံင်ငံခြားက မိတ်ဆွေတွေဆီ ဓာတ်ပုံတွေ ဗီဒီယိုတွေ ပိုႚဖိုႚ၊ သတင်းအဖွဲ့တွေဆီ အကြောင်းကြားစီစဉ်ခိုင်းခဲ့ရပၝတယ်။

အဲသည်နောက်မှာတော့ နောက်နေႚတွေအတွက် ဆက်လက်လုပ်ဆောင်ဖိုႚ အစီအစဉ်ဆွဲရအောင် ဆိုပြီး၊ ဇာဂနာ၊ ဇော်သက်ထွေးနဲႚ မိတ်ဆွေများ အဓိပတိမှာ ၀ိုင်းဖွဲစည်းဝေးခဲ့ကြပၝတယ်။ အိမ်ပြန်ရောက်တော့ ညနေ ၅ နာရီ။

ရောက်ရောက်ချင်းဆိုသလိုပဲ ကိုအောင်ဝေး ဆူးလေမှာ တရားဟောပြီဆိုတာ ၾကားလိုက္ရပၝေရာ။ အတန္တန္မွာထားရက္နဲႚ လုပ်ပြန်ပဟ လိုႚသာ ဇာဂနာ ရေရွတ်လိုက်မိပၝတယ်။ မကြာပၝဘူး၊ ကျော်သူနဲႚ အောင်ဝေး ဒေၞလ်ဖင် စားသောက်ဆိုင် ရောက်နေတယ် ဆိုပြီး ဖုံး၀င္လာပၝေရာ။ သူတိုႚ ၀ပ္က်င္းတခု လိုခဵင္တယ္တဲ့။

ထုံးစံအတိုင်း ကိုစောဝေကြီးကိုပဲ အကူအညီတောင်းပြီး စီစဉ်ခိုင်းလိုက်ရတယ်။ အောင်ရတနာ ဆေးရုံမှာ သူတိုႚ ၂ ယောက် အခြေကဵျပြီဆိုတော့မှ ၂၇ စက်တင်ဘာမှာ သပိတ်စခန်း ဖွင့်ဖိုႚအရေး ဆွေးနွေးကြရတော့တယ်။ ဇာဂနာ တိုႚ ဒူးရော၊ နဖူးရော တိုက်ပြီးသွားတဲ့ အခဵျိန်မှာတော့ ညက ၉ နာရီ။

ဇာဂနာအဖမ်းခံရခြင်း(၄)

ဇာဂနာအဖမ်းခံရခြင်း(၄)

အင်းစိန်ထောင်ဘူးဝကရုံးခန်းထဲလဲရောက်ရော အာပါးပါးလို့တောင် တ လိုက်မိပါရဲ့။တယ်စည်ကားနေသကိုး။NLD က ဦးလှဖေ ဦးမြင့်သိန်း CRPP က ဦးကျင်ရှင်းထန် ဦးထောင်ခိုထန်း အမျိုးသားရေးဦးဝင်းနိုင် နဲ့ ကို စိုးမြင့်ထိန်။ပဲခူးက သက်တော် ၇၆ နှစ်ရှိတဲ့ဆရာတော် ဦးတေဇောဘာသ။ငွေကြာရံက စာချဆရာတော် ဦးကုမာရ။HIV(ဖြူဖြူသင်းတို့အဖွဲ့)ဝေဒနာသည်တွေကိုထောက်ပံ့ပေးနေတဲ့ကိုသန်းထိုက်အောင်(မဂ္ဂင်ကျောင်း)။သာကေတ NLD က ကိုသန်းဌေး ကိုအောင်ထွန်း ကိုခင်ထွန်း။NLD ရုံးချုပ်က လုံခြုံရေး ကိုအောင်သန်း နဲ့အမည်မသိ အမျိုးသမီးတစ်ယောက်တို့ကို ထိုင်ရက်ကော ထ ရက်ကောတွေ့လိုက်ရပါတယ်။ဇာ၈နာကိုစောင့်နေကြတယ် ဆိုပဲ။စောင့်ရင်းနဲ့ထောင်ကဧည့်ခံတဲ့ ဘဲဥ နဲ့မန်ကျည်းရည်ဟင်းများတောင်လွေးလို့။
ကိုင်း လူစုံပြီထောင်ထဲကြွမယ်စည်တော်ဆိုတာနဲ့ရှေ့နောက်တန်းစီပြီးထောင်ဝင်းကြီးထဲချီတက်လာခဲ့ကြပါတယ်

ထောင်ထဲမှာချမ်းသာသမျှဒါအကုန်ပါပဲ