Tuesday, October 23, 2007

သင်္ကန်းဂုဏ်ရည်

(၁)
ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ
ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ
သံဃဿ အ၀ဏ္ဏံ ဘာသတိ
ရတနာသုံးပါးဦးထိပ်ထား
ပြစ်မှားစကားမပြောနှင့်
ပြစ်မှားသမှုမပြုနှင့်
(၂)
အတုလား အစစ်လား ခွဲခြားဖို့မလို
သူ့ကိုယ်မှာရောင်ဝါလျှမ်း
မြတ်သင်္ကန်းတွေ့ ရလျှင်
ဆဒ္ဒန်ဆင်ဘုရားအလောင်းသည်
ဘ၀ပေါင်းသင်္ချေအတိ
ပါရမီတော် ဖြည့်ခဲ့
သတိနဲ့ဆင်ခြင် ဥာဏ်အမြင်ပွားများ
ခန္တီတရားအရင်းစိုက်၍
လူမိုက်ကြီးသောနုတ္ထိုရ်
သင်လိုချင်သည့်အစွယ်နှစ်ချောင်း
လွှကောင်းကောင်းနှင့်ကိုယ်တိုင်ဖြတ်
ပေးအပ်၍ဆုပန်
ဣဒံမေပုညံ သဗ္ဗညုတ ဥာဏဿ
ပစ္စယောဟောတု။
(၃)
သုဘဒ္ဒါအရှင်မ
ဆက် သ လို့အကြောင်းဖန်
နားတောင်းပန်ပျော်ရွှင်မြူးပါတော့ တဲ့
လူထူးကြီး သောနုတ္ထိုရ်
အစွယ်ကိုပိုက် နန်းတော်တိုက်ဝင်
သခင်မဘုရား ရှုတော်မူဘုရား
တရားကြောင်းဆက်နွယ် ရန်သူကြီးအစွယ်ကို
နားဝယ်ဆင်သ ရွှင်ပြပြနှင့်
သခင်မ ကျေနပ်တော်မူပါတော့ တဲ့။
(၄)
ရွှေဝါရောင်တူ စွယ်နှစ်ဆူကို
မြင်မူထိတ်ထိတ် ရှေးအတိတ်ကို
တရိပ်ရိပ်တွေး တရိပ်ရိပ်ဆွေးပြီး
ကျေးဇူးကိုမထောက်ထား
မိုက်မှားမိလေခြင်း ဟု
ရင်တွင်းမှာ ဗြုံးကနဲ
နှလုံးကွဲ၍ နတ်ရွာစံလေသတည်း။
နန်းညွန့်ဆွေ
၂၃ အောက်တိုဘာ၂၀၀၇

No comments: