Friday, December 28, 2007

ရေနွေးနဲ့ဖား

ကြားပေါက်လေးတစ်ခုတွေးမိတာလေးရေးပါရစေ။ကျွန်တော် တို့ဆေးကျောင်းရောက်ကာစ က ဖား ခွဲရပါတယ်။ဦးထွန်းမောင်ဆိုတဲ့ကုလားကြီးဆီကနေ ဖားအရှင်၃ကောင်တစ်ရာ နဲ့ဝယ်ရတာပါ။ပြီးတော့အဲဒီဖားတွေကို ပုံမပျက်အောင်
ကျွက်ကျွက်ဆူနေတဲ့ရေနွေးအိုးထဲထဲ့ပြီးသတ်ရပါတယ်။ကျွန်တော်တို့က ဘာသိမလဲ။ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲရေနွေးကိုခြေထောက်နဲ့တစ်ချက်ပဲ ထိပြီးခုန်ထွက်သွားလိုက်တာ ၃ကောင်လုံးလွတ်သွားရော။ကုလားကြီးကရီသလေ့။ဒီလိုသတ်ရတယ်ကွ တဲ့ဆိုပြီး ရေအေးတွေထဲ့ဖားကိုရေအေး ဇလုံထဲထဲ့လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲပျော်လို့ ကူးခတ်နေလိုက်တာ။ဒီမှာတင်ကုလားကြီးက အပူချိန်ကိုဖြေးဖြေးချင်းတစ်ရစ်ချင်းတိုးလာ
လိုက်တာ ငါးဒီဂရီလောက်တိုးတော့လဲ ဖားလေးများကူးခတ်ဆဲ နောက်ထပ်ငါးဒီဂရီထပ်တိုးလဲ သကောင့်ဖား တွေက နေသာသေးတယ်ဆိုပြီးကူးခတ်ဆဲပဲ အပူချိန် ၆၀လောက်လဲရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဖူး။ရှစ်ဆယ်လောက်လဲရောက်ရော
အားလုံး ဂန့် ဂန့် ဂန့် ဂန့်။ကျွန်တော်တို့လဲ ခုတော့ ဒီဝဍ်တွေလည်ပါပြီ။တစ်ရစ်ချင်းတရစ်ချင်း ကျပ်လာပြီ။ငါတို့တော့နေလို့ရသေးတယ်
ဘာမှ မဖြစ်သေးဖူးဆိုပြီး ဆက်ပြီးကူးမှာလား။ခုန်ထွက်မှာလား။အပူချိန်မြှင့်နေတဲ့လက်ကို ပြေးကိုက်ကြမလား။မျက်နှာကိုခုန်အုပ်ကြမလား။တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ဆုံးဖြတ်ပြီးရင်လဲဖြစ်အောင်လုပ်ရတော့မယ်။
မဟုတ်ရင်တော့
ရေနွေးအိုးထဲသေရတာသိတ်မတန်လှပေဖူး။

4 comments:

မ မမ said...

ကိုသူ၇ေ၇..
ရေနွေးထဲကဖါးဖြစ်ဖြစ်၊ရေအေးထဲကဖါးဖြစ်ဖြစ်၊သေရတာကတော့ သေရမှာဘဲ...သူတို့ ကိုသေအောင် သတ်ဘို့ နည်းမျိုးစုံ သင်ပေးတဲ့ သူရော သေရမှာဘဲ....ကျမတို့ ..ရှင်တို့ ရော..တနေ့ သေရမှာဘဲ....ဖါးကအသိဥာဏ်မရှိလို့ .လေ...တဆင့် ချင်းမျှင်းသတ်တာကိုခံရမှန်းမသိ ခံလိုက်ရတာပေါ့ ..ငါသေတော့ မှာပါလားလို့ သိတဲ့ အချိန်မှာသိတ်နောက်ကျသွားပြီ.....
ကျမတို့ ..ရှင်တို့ က အသိဥာဏ်ရှိတဲ့ လူတွေလေ...တဖြေးဖြေးချင်းသတ်နေတာလဲ သိနေရက်နဲ့ ..........ညံ့  လို့ ...ကြောက်လို့ ...အသေခံမလား?
သိနေရင်..ရှိသမျှ အင်အားသုံးပြီးခုန်ထွက်လို့ ရပါသေးတယ်....ခုမှ ရေနွေးက ပူခါစ,ရှိပါသေးတယ်...

Anonymous said...

ဒီဆောင်းပါးလေးကို သိပ်ကြိုက်ပါတယ် ဦးဇာဂနာ။ အမြဲလေးစားအားပေးနေလျက်ပါ :)

Maung Maung Kyaw Win said...

You said we are frogs. But what are they? In fact, we are human being and they are animals. We have human ideas and human behavior. So, what are we worrying about? May be this is not a right time for the victory. May be we all are not fully united. That's why our battle is long. To make our battle short let's all united and continue fight the NaAhPha animals until we get to our goal. Do not think about the past existence or the future existence when we are waging a war.
Think about your present life. Think about how to get out of the hell. Think about how to get rid of the Than Shwe regime. A man like you have a lot of ideas and do not give up easily to fight a just war.

Ko leo said...

ကောင်းလိုက်တဲ့ ဥပမာ ဗျာ။