Sunday, December 30, 2007

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်း အမှတ်(၁)

အခန်းစဉ်။အဖွင့်
နေရာ။အတွင်းဝန်ရုံး စည်းဝေးခန်းမ အာဇာနည်ကုန်း နှင့် ရွှေတိဂုံ ဘုရားလမ်း
နေ့။အတွင်း။အပြင်

ရွှေတိဂုံ ဘုရား
ထိုမှ ကင်မရာ ကရိန်းရှော့crane shotဖြင့်တဖြေးဖြေး နိမ့်လာ
(နောက်ခံအသံ မှာ ကလေးများစုပေါင်း သီဆိုနေသော သီချင်းသံဖြစ်ရမည်။သီချင်းမှာ ရာဇ၀င် အထုပ္ပတ္တိလဲ ရှိရမယ် မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်ဟူသော ဗမာ့သူရဲကောင်းသီချင်း။တူရိယာပစ္စည်းအသံလုံးဝမပါစေရ။ကလေးများ သံပြိုင်သိဆိုနေမှုကိုသာ ပေါ်လွင်စေရမည်)
အာဇာနည်ကုန်း မြင်ကွင်းတဖြေးဖြေးဝင်လာ
ကင်မရာကိုကျောပေးကာ စုဝေးသီဆိုနေကြသော ကလေးငယ်များ
ကင်မရာ(ဒေါ်လီရှော့တ် Dolly shot)ဖြင့် ကလေးများအကြားမှ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်သို့ တဖြေးဖြေးချင်း ၀င်သွားစေ။
ပန်းခွေများ ပန်းခြင်းများအကြားမှ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ။
ဓါတ်ပုံဆီသို့အရောက်တွင် ကင်မရာ ရပ်။
(အသံအထူးပြုလုပ်ချက်ဖြင့် သေနပ်သံများဆူညံစွာပေါ်ထွက်လာစေ)
သေနပ်ပြောင်းဝမှ ထွက်လာသောမီးတောက်များ
သေနပ်ထိမှန်ပြီး လဲပြိုကျသွားသော ဗိုလ်ချုပ်အောင်ဆန်း သခင်မြ ဦးဘ၀င်း မန်းဘခိုင် ဦးရာဇတ်
မိုင်းပွန်စော်ဘွားကြီး နှင့် ဦးအုန်းမောင်
ဒူးထောက်သေနပ်ပစ်နေသော ရန်ကြီးအောင်
ရပ်လျက်ပစ်နေသော သေနပ်သမား ၃ ဦး(မောင်စိုး သက်နှင်း မှုံကြီး)
အနှေးပြကွက်ဖြင့် ကြမ်းပြင်ပေါ်လဲပြိုကျသွားသော အာဇာနည် ကြီးများ
(သွေးအိုင်ထဲမှ ဗိုလ်ချုပ်အောင်ဆန်း)
(ဗမာ့သူရဲကောင်းသီချင်းသံပြိုင်အပိုဒ် ကို တယောတစ်လက်ထဲဖြင့်ဆက်တီးနေစေရန်)
ပြေးထွက်သွားသော စစ်ဖိနပ်များ foreground ဖြင့်အာဇာနည်ကြီးများ
ကင်မရာ zoom to ဗိုလ်ချုပ်အောင်ဆန်း
အသက်ပြင်းစွာရှူနေသော ဗိုလ်ချုပ်အောင်ဆန်း
(သီချင်းသံပြိုင်အပိုဒ်ကို orchestra ဖြင့်တီးရန်)
Dissolve
အာဇာနည်ကြီးများ၏ ရုပ်ကလာပ်များအားသယ်ဆောင်လာကြပုံ
(ရှုထောင့်အမျိုးမျိုးမှ ရိုက်ရန်)
ထောင်ပေါင်းများစွာသော လူထုပရိသတ်ကြီး
(ရှုထောင့်အမျိုးမျိုးမှ ရိုက်ရန်)
ကောင်းကင်တွင် ၀ဲပျံနေသော လေယာဉ်ပျံများ
ရုပ်ကလာပ်များကို သယ်ဆောင်လာကြသော ရဲဘော်များ
ငိုယိုနေသော ပြည်သူများ
ပြည်သူလူထု foregroundဖြင့် ဖြတ်သန်းသွားသော ရုပ်ကလာပ်များ
(နောက်ခံကဗျာရွတ်သံ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အော် အဆောင်ဆောင် ကြငှာန်း
အခေါင်မမြန်းရခင်က
အောင်ပန်းညှို့ခဲ့၇တဲ့ အောင်ဆန်းတို့သေပုံနှမျော)
မိုးဖွဲဖွဲလေးကျနေပုံ
ထိုနောက် ကျီးကန်းများအုပ်စုလိုက် ပြို ကြ ပုံ
(ဆရာဇော်ဂျီ ၏ ကဗျာရွတ်သံ
မိုးကစိုစို ကျီးအုပ်ပြို၍ ထိုမှ ဤမှ တို့လမ်းမ ၀ယ် ပျံကြ ၀ဲ ကြ ငရဲထ သို့ အုံ ကြွမည်အာ မသာယာကို ငါကြားခဲ့သည် မှတ်မိ၏။)
ရင်ပတ်စည်တီးငိုကြွေးနေကြသောအမျိုးသမီးကြီးများ
(ထိုနေ့၌ပင် ထိုချိန်ထင်၏)
နံရံတွင် ကပ်ထားသောနာရီ ၁၀ နာရီ ၃၇မိနစ်သို့ ညွှန်ပြနေ
(သခင်အောင်ဆန်း ပြည်သူ့ပန်းသည် ပွင့်လန်းကာစ ကြွေလိုက်ရ၏)
သွေးအိုင်ထဲမှ ဆတ်ကနဲ တွန့်သွားသော ဗိုလ်ချုပ်အောင်ဆန်း။

1 comment:

Zarni Lwin said...

Wow...that's pretty powerful and amazing. I could picture what's going on in the scene. I have one question. What is the purpose of starting with the image of children singing the song?