Sunday, December 30, 2007

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ညွှန်း

စဉ်းစားမိနေတာ ကြာပါပြီ။အိမ်နီးချင်းနိုင်ငံတွေမှာ ဂန္ဒီ နေရူး ချန္ဒရာဘို့စ် တို့အကြောင်းတွေ ရုပ်ရှင်ရိုက်ကြ ပြနေကြပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဘယ်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရုပ်ရှင်။ဆင်ဆာကြောင့် အတေးအညှိုးတွေ ကြောင့်လို့ အကြောင်းပြကြရင်တော့ဖြစ်တာပေါ့။ဒါပေမဲ့ ဦးနု အစိုးရလက်ထက်ကလဲ ဘယ်သူမှ မလုပ်ခဲ့ ကြပါဖူး။ဒါကြောင့် ဒီနေရာကနေ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို စတင် မွေးဖွားကြပါစို့။ကျွန်တော် စိတ်ကူးမိသလို ရုပ်ရှင် ဇာတ်ညွှန်းကို ရေးပြီးတင်ပြလိုက်ပါတယ်။မည်သူမဆို ဆွေးနွေးပါ ဝေဖန်ပေးပါထောက်ပြပေးပါ အားမနာပါနဲ့ ကိုယ်တိုင်လဲ ၀င်ရေးပေးကြပါ။ကျွန်တော် တို့အမျိုးသားခေါင်းဆောင်ကြီးအတွက် ကျွန်တော် တို့ လုပ်ကြရအောင်ပါ။ကျွန်တော် သေသွားရင် ကျန်တဲ့လူတွေဆက်လုပ်ပေးကြပါ။သားတို့သမီးတို့ တူတို့တူမတို့ဒီဇာတ်ကားကြီး မြန်မာ့သမိုင်းမှာပေါ်ပေါက်လာအောင်ဆက်လက်တာဝန်ယူပေးကြပါ။
အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျား။

5 comments:

Lun Lunn said...

ကိုဇာကနာ

အင်မတန်ကိုမှ ကောင်းမွန် ပြီးပြည့်စုံတဲ့ စိတ်ကူးတစ်ခု၊ လုပ်ဆောင်ချက်ကောင်းတစ်ခုပါ။
အထူး လေးနက်စွာ ထောက်ခံအားပေးပါတယ်။

လွပ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အခန်းကဏ္ဍကို ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင်တွေက မှေးမှိန်ပျောက်ပျက်အောင် လုပ်နေကြတာ ကြပါပြီ။

အခုဆိုရင် ၂ ဇန္န၀ါရီလ ၂၀၀၈ မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးက ပြုလုပ်ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လွတ်လပ်ရေးကို သက်စွန့်ကြိုးပမ်း ရယူပေးသွားတဲ့ အာဇာနည်တွေကို တစ်စက်ကလေးတောင် ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဘူးလို့ ကြားသိရတဲ့အတွက် ကြေကွဲမှုနဲ့အတူ နာကျဉ်းခံပြင်း မိပါတယ်။

ကျွန်တော် ဆန္ဒပြုချင်တာကတော့ …

န အ ဖ နောက်လိုက် ခွေးဝဲစား ( ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ရပ်ကွက်လူချီး )တွေကို ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း စည်းလုံးညီညွတ် လျှို့ဝှက်စွာ ချောင်းမြောင်း ရိုက် သတ် ကြစမ်းပါ။ ဒါမှ အဲ့ဒီ ခွေးဝဲစားတွေ ရပ်ကွက်ထဲမှာ ထောင်ထောင်၊ ထောင်ထောင် မလုပ်ရဲတော့မှာ ဖြစ်သလို ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင်တွေကိုလည်း ကိုယ်တတ်နိုင်ရာ အပိုင်းကနေ စတင် တွန်းလှန်ပြီးသားလည်း ဖြစ်တယ်။

ကျွန်တော်တို့ အနေနဲ့ ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင် အောက်ဆွဲ ခွေးဝဲစား စစ်တပ်ကို ပြည်သူတွေ အနေနဲ့ တွန်းလှန်ဖို့ရာ အင်မတန် ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ နောက်လိုက် ခွေးဝဲစားတွေကို ပညာပြန်ပေးဖို့ကတော့ လူညီရင် ဖြစ်နိုင်ချေ ရှိပါတယ်။ အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို တစ်ဖြည်းဖြည်းချင်း နှိမ်နင်းသွားနိုင်ရင် ရပ်ကွက်ထဲမှာ စွာကျယ်၊ စွာကျယ် မလုပ်နိုင်တော့သလို ခွေးဝဲစား စစ်အာဏာရှင်တွေရဲ့ အကိုင်းအခက်တွေကိုလည်း ချိုးဖျက်ပစ်ရာ ရောက်ပြီး သတင်း အချက်အလက်တွေ လွယ်လွယ် မရနိုင်တော့တဲ့ အတွက် ပြည်သူပြည်သားတွေမှာလည်း နှိပ်စက်ခံရမှု နည်းပါးသွားစေမယ်လို့ ယုံကြည်ပါတယ်။

အဲဒီ နောက်လိုက် ခွေးဝဲစားတွေ အားလုံးနီးပါးကို နှိမ်နင်းနိုင်ပြီ ဆိုရင် ပြည်သူကို ချစ်တဲ့ စောင့်ရှောက်ချင်စိတ်ရှိတဲ့ စစ်သားတွေ၊ စစ်တပ်တွေလည်း ပြည်သူနဲ့ ကောင်းကောင်း လက်တွဲလာနိုင်မယ် ထင်ပါတယ်။ ဒါမှမဟုတ် ဒီထက်ကောင်းတဲ့ အကြံအစီ၊ လုပ်ဆောင်ချက်တွေ ထွက်လာနိုင်ပါတယ်။

ကိုဇာကနာ အနေနဲ့ အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို နှိမ်နင်းနိုင်မယ့် အခြား နည်းလမ်းကောင်းတွေ ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၈ နှစ်ဦးကစပြီး လူတိုင်း လူတိုင်း တတ်နိုင်ရာက စပြီး ပြောက်ကြားစနစ်နဲ့ စတင် လုပ်ဆောင်ကြဖို့ မြန်မာပြည်တွင်းရှိ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို လမ်းညွှန် တိုက်တွန်း အားပေးစေချင်ပါတယ်။

လေးစားစွာဖြင့်

လွန်လွန်း ( စင်္ကာပူ )

Ashin Kumara said...

ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ပေါ်ထွန်းလာစေဖို့ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေဖို့ အတွက် အထူးလိုအပ်နေတဲ့ ကွက်လပ်တစ်ခု ကို ကိုယ်နိုင်ရာဖက်က ဖြည့်ဆည်းပေးနေခြင်းဖြစ်တယ် လို့ ယူဆပါတယ်။

သိပ်ကောင်းတဲ့စိတ်ကူးပါဘဲ။

Dawn Gwin (ဒေါင်းဂွင်) said...

ကိုဒါရိုက်တာ ရေ...

ဗိုလ်ချုပ်လို့ ကြားလိုက်ရတိုင်း...သူပြောခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်လေးတွေ နားထဲ၊ မျက်စိထဲကို တန်းဝင်လာတယ်။ ပြီးတော့ အဲဒီ့ ကောက်နှုတ်ချက်တွေက အခုခေတ် မြန်မာပြည်သူတွေကို သူကြိုတွေးပြီး ပြောခဲ့သလို ဖြစ်နေတယ်။ အဲဒါတွေက...

“လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ ဖြစ်ရကား နိုင်ငံရေးသည် လူမှု လူရေးမျှသာ ဖြစ်၏။ နိုင်ငံရေးကို ကျွှန်ုပ်တို့  နားမလည်နိုင်စရာ မရှိချေ။”

“နိုင်ငံရေးဆိုသည်မှာ ကျွှန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ့ ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွှန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။”

ပြီးတော့ ဗိုလ်ချုပ်တခုပြောခဲ့တာက…နိုင်ငံရေးဆိုတာဟာ အစည်းအဝေးခေါ်၊ ပြောချင်တာပြော၊ နားထောင်ချင်တာနားထောင်၊ တခါတရံသာ လုပ်ရမဲ့ကိစ္စ မဟုတ်၊ တိုင်းပြည်နှင့်မိမိတို့ ၏ အကျိုး၊ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အမြဲတမ်း လုပ်နေရမဲ့ ကိစ္စဖြစ်တယ်…တဲ့။

အဲဒီ့မှတ်ချက်တွေဟာ...အခုမြန်မာပြည်မှာကော၊ နိုင်ငံခြားမှာပါ နိုင်ငံရေးဆိုတာ ငါနဲ့ မဆိုင်၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေလုပ်နေတဲ့ ကိစ္စတွေပဲလို့ ယူဆထားသူတွေ၊ ဘေးထိုင်နေသူတွေ၊ လုပ်ရမှာသိရက်နဲ့  မလုပ်တဲ့သူတွေကို ဗိုလ်ချုပ်ကကြိုသိနေပြီး ပြောခဲ့သလို ဖြစ်နေတယ်။

အဲဒါလေးတွေ ဖြစ်နိုင်ရင် ရုပ်ရှင်ထဲမှာ ထဲ့ပေးစေလိုပါတယ်။

MaungNayZan said...

အလွန်ကောင်းမွန်တဲ. စိတ်ကူးလေးပါ ဦးဦး
အခုကျွန်တော်ကတော.
မြန်မာကားတွေသိပ်မကြိုက်ချင်ဘူးဗျ
ဘာလို.လဲဆိုတော. သူတို.ရိုက်တာတွေက ဘာမှ
၇သမပေးနိုင်ဘူးဗျ
မြန်မာကားတွေကြည်.ရတာ ပိတ်ကားကြီးကို ကြည်.နေ၇သလိုပါ ဘာမှ အေ၇ာင်မထင်ပါဘူး
ဦးရေးထားတဲ. ဇာတ်လမ်းလေး ကျွန်တော် သဘောကျတယ်ဗျ
အခု မြန်မာ. ရုပ်ရှင်လောက ဘယ်လိုဖြစ်နေလည်းတော. မသိဘူး
မင်းသားမင်းသမီးတွေကလည်း ဘာတွေမှန်းမသိ
ဒါရိုက်တာက လည်း ဇာတ်အိမ်ကောင်းအောင်မလုပ်
ပေါ.ပေါ.ပျက်ပျက်တွေများနေတယ်
ဒီပုံစံအတိုင်းဆိုရင် မြန်မာ.ရုပ်ရှင်ဟာ
ကမ္ဘာပေါ်က ပျောက်သွားပါလိမ်.မယ်
ဒါကို ရုပ်ရှင်အစည်းအရုံးက ခေါင်းဆောင်တွေ သတိထားမိလားတော.မသိဘူး
သူများနိုင်ငံတွေမှာ ရှေးမင်းဆက် ဇာတ်ကားတွေ နဲ.
အောင်ပွဲခံနေချိန်မှာ
မြန်မာနိုင်ငံမှာ တော. ဟာသကားတွေနဲ. တစ်ပွဲတိုးနေတယ်
ဒါမဖြစ်သင်.တဲ. ဟာပါ

kizuna77 said...

really really good idea.. for everybody who live in burma. because we should remember always our independence leader(father). hope dream comes true in near future.. i really insist to become real film.