Saturday, November 10, 2007

ဇာ၈နာတို့များအခြောက်တိုက် နံ့မယ်ကြီးချင်တော့ဇာဂနာပျက်တဲ့ပျက်လုံးဆိုပြီးပေါ်နေပြန်ပြီဗျာ။ချယ်ဆီးအသင်းရဲ့ပိုင်ရှင် ရုရှားကြီးကားတိုက်လို့ ဦးခေါင်း မှာ ဒဏ်ရာရသွားတယ်။ဦးနှောက်လဲရမှာ တဲ့။သူတို့ပေးကျွေးမြှောက်ပေးထားတဲ့ မြန်မာပြည်ကိုလှမ်းဝယ်ရင်ပေါချောင်ချောင် ရနိုင်တယ်ဆိုပြီး အရေးပေါ် မြန်မာပြည်မှာ ပူပူနွေးနွေးသေဆုံးထားတဲ့လူတစ်ယောက်ယောက် ရဲ့ ဦးနှောက် လိုချင်တယ် ဆိုပြီး ကမ်းလှမ်းလိုက်ပါရော။မြန်သဗျာ ချက်ချင်း အကြောင်းပြန်လာတယ် ဒါရိုက်တာ ကိုအောင်မင်းသိမ်း နဲ့ ၀န်ကြီးချုပ် တို့ရဲ့ ဦးနှောက် ရမယ် တဲ့။ဈေးပြောပါဆိုတော့ ကိုအောင်မင်းသိမ်း ဦးနှောက် က ဒေါ်လာ တစ်သိန်း ၀န်ကြီးချုပ်ဦးနှောက် ကတော့ ဒေါ်လာ တစ်သန်းတဲ့။ဟာ ၀န်ကြီးချုပ် ဦးနှောက် က ဒီလောက်တောင် ဈေးကြီးနေရတာ ဘာကြောင့်လဲ ပိုကောင်းနေလို့လားဆိုတော့ မဟုတ်ပါဖူးတဲ့ ၀န်ကြီးချုပ် ဦးနှောက် က တစ်ခါမှ မသုံးရသေးတဲ့ အသစ် စက်စက် မို့လို့ပါ တဲ့ ဗျား။

1 comment:

kozay said...

ခေါင်ထဲမှာရှိတာက ငါနဲ့ငါ့အမျိုးတွေကောင်းစားဖို့