တပင်ဆံ ခ၀ါချပြီမို့
နာကြတဲ့ အသီးတွေ တွန့်လို့သာကြွေ။
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ သူလာပါလိမ့်လေး
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းကောင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းက ထမ်းပိုးကြွယ်
တိုးလို့ကွယ်ပျက်လိမ့်ဦး
ဂူပုန်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ပ ဦး။
ဇာဏီ ကြက်မ သူတွန်လျင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။
ကုန်းဘောင်ခေတ် အယူတော်မင်္ဂလာ ဦးနိုးရဲ့ ကဗျာပါ။ခု အခြေအနေ နဲ့ ချိန်ထိုး ကြည့်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။
Wednesday, November 14, 2007
အယူတော်မင်္ဂလာကဗျာ
Posted by Zarganar at 7:47 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment