Monday, December 8, 2008
Human Rights Day - 60 Years
Posted by
Phan Mee Ain - Literature Lovers
at
11:24 PM
2
comments
Thursday, December 4, 2008
Zarganar & Ne Phone Latt honored as cyber dissident at RSF
နယ်ခြားစည်းမထား သတင်းထောက်များက ကိုဇာဂနာနှင့် နေဘုန်းလတ်ကို ဂုဏ်ပြုဆုချီးမြှင့် မိုးမခ ဓာတ်ပုံသတင်း ဒီဇင်ဘာ ၄၊ ၂၀၀၈ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး လွတ်လပ်မှုတို့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကို ထိုအဖွဲ့က နှစ်စဉ် ရွေးချယ် ဆုချီးမြှင့်လေ့ရှိရာ ဒီနှစ်တွင် အင်တာနက် အတိုက်အခံ ဘလော့ဂါများအဖြစ် မြန်မာပြည်က စွယ်စုံရ အနုပညာရှင် ကိုဇာဂနာနှင့် ဘလော့ရေးသားသူ ကိုနေဘုန်းလတ်တို့ကို ရွေးချယ် ဂုဏ်ပြုလိုက်သည်ဟု သိရသည်။ ကိုဇာဂနာ၏ မိတ်ဆွေ လူရွှင်တော်၊ သရုပ်ဆောင်၊ ပန်းချီဆရာ၊ အနုပညာရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီ ထိန်လင်းက သူတို့ကိုယ်စား ဆုပေးပွဲကို တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ |
Posted by
Phan Mee Ain - Literature Lovers
at
8:41 PM
0
comments
Wednesday, December 3, 2008
Zarganar to MyitKyiNar Prison, RSF Award and Burmese Artists' Voice
ဇာဂနာ မြစ်ကြီးနားထောင်၊ နယ်ခြားစည်းမထား သတင်းထောက်များ ဆုနဲ့
မြန်မာအနုပညာရှင်တွေရဲ့ အသံ
မိုးမခ အထောက်တော် ၀၀၂
နိုဝင်ဘာ ၄၊ ၂၀၀၈
ယမန်နေ့ညက ပြည်သူ့အချစ်တော် ကိုဇာဂနာကို မြစ်ကြီးနားထောင်၊ ဇော်သက်ထွေး - တောင်ကြီး၊ ကိုကတုံး - မြင်းခြံနှင့် သန့်စင်အောင် - ဖားအံထောင်များသို့ အသီးသီး ချုပ်နှောင်လိုက်သည်ဟု သိရသည်။
ယခုကဲ့သို့ မိသားစု သားချင်းများနှင့် လက်လှမ်းမမီသည့် ထောင်များကို ပြောင်းရွှေ့ချုပ်နှောင်လိုက်သည့်အတွက် အခက်အခဲမျိုးစုံနှင့် ပိုမိုရင်ဆိုင်စေရန် စစ်အစိုးရက ကောက်ကျစ်ယုတ်မာစွာ ဖန်တီးခြင်းဖြစ်ကြောင်း မိတ်ဆွေတဦးက ပြောလိုက်သည်။
ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ပြင်သစ်အခြေစိုက် အာရ်အက်စ်အက်ဖ် - နယ်ခြားစည်းမထား သတင်းထောက်များအသင်းက ကိုဇာဂနာနှင့် နေဘုန်းလတ်တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်နေသည်။
ကဗျာဆရာ ကိုအောင်ဝေးက ပြောကြားရာတွင် - မိမိအနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်များကို မြစ်ကြီးနား နယ်ခံများက ၀ိုင်းဝန်း ကာကွယ် ကူညီကြ၊ စောင့်ရှောက်ပေးကြမည်ကို မြင်ယောင်မိကြောင်း၊ ပြောကြားသည်။
ကိုဇာဂနာ ဇနီးသည် မလွင်မာဦးက ပြောကြားရာတွင် - နိုင်ငံတကာက အနုပညာရှင်များ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ ဂုဏ်ပြုကြ၊ ဆုတွေ ချီးမြှင့်ကြသည့်အတွက် ၀မ်းသာပါကြောင်း၊ ထိုထက်သာမက နိုင်ငံတကာက အနုပညာရှင်များ အဖွဲ့အစည်းများက ၎င်းတို့၏ အနုပညာများ၊ ပညာအစွမ်းအစများကို အသုံးချပြီး ကိုဇာဂနာနှင့်တကွသော အကျဉ်းကျခံနေရသူ အနုပညာရှင်များ၊ ပုဂ္ဂိုလ်များအကြောင်းကို ပရိသတ်များ၊ လူအများတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာနာ နားလည်လာကြစေရန်၊ မတရားသူ အာဏာရှင်များ အရှက် ဂုဏ်သိက္ခာ ပိုမိုကျဆင်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားလိုက်သည်။
ပန်းချီထိန်လင်း က
“သူက အနုပညာဘ၀ တလျောက်လုံး ပြည်သူတွေအတွက်၊ အားနည်းသူတွေအတွက်၊ အဖိနှိပ်ခံတွေအတွက် အနုပညာတွေ၊ ခွန်အားဖြစ်စေတဲ့ အက၊ သီချင်း၊ ပြက်လုံး၊ ဇာတ်လမ်း၊ ပြကွက်တွေ တင်ဆက်ခဲ့တာ။ ထောင်ထဲမှာတောင် စိတ်ကူးနဲ့တင် သီချင်းတွေ ပြက်လုံးတွေ ရုပ်ရှင်ကားတွေ ရိုက်ပြီး အသည်းထဲ စိတ်ထဲမှာ သိမ်းဆည်းထားတာ၊ သူလိုလူကို ကျနော်တို့က အလေးအနက် ပြုရမယ် …”
ဟု ဆိုလိုက်သည်။
Posted by
Phan Mee Ain - Literature Lovers
at
11:49 PM
0
comments
Zarganar and Others sent to remote prisons
မျိုးဆက်သစ်လူငယ်များကို ထောင်ပြောင်း၊ လူရွှင်တော် ကိုဇာဂနာကိုလည်း ညတွင်းချင်း ထောင်ရွှေ့
နိုင်ငံရေး အကျဉ်းသားတို့ကို ဒေသခံ ပြည်သူနှင့် ၀န်ထမ်းတို့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် ဆရာတော်များက မေတ္တာရပ်ခံ
မိုးမခ အထောက်တော် (ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၀၈
ယမန်နေ့က ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ၎င်းတို့လူငယ်များကို ဝေးလံခေါင်ဖျားသော ထောင်များသို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်သည်။ ပြည်သူအချစ်တော် ကိုဇာဂနာနှင့် မိတ်ဆွေများကိုလည်း ရန်ကုန်အင်းစိန်ထောင်က အခြားတနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း ကြားသိရသည်။
ဇေယျာသော်ကို ကော့သောင်း၊ အောင်ဇော်ဖြိုးကို တောင်ငူ၊ သီဟ၀င်းတင်ကို ညောင်ဦးထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆိုသည်။ ထိုင်းအခြေစိုက် အေအေပီပီ စာရင်းအရ နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးကို ထောင်ဒဏ်များ ကြီးလေးစွာ ချမှတ်ခဲ့ကြောင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာက အငြိမ်းစား သမ္မတများ၊ ခေါင်းဆောင်များဖြစ်သည့် ဂျော့ဘွတ်ခ်ျ (အကြီး)၊ ဂျင်မီကာတာ၊ ဟာဗယ်လ် စသည်တို့အပါအ၀င် ပုဂ္ဂိုလ်ကြီး ၁၁၂ ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လိပ်မူပြီး မြန်မာပြည်အကြပ်အတည်းကို အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားသည်။
“အမျိုး ဘာသာ သာသနာကို အသက်တွေ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး ဆောင်ရွက်ကြတဲ့ ဒကာတွေ ဒကာမတွေကို အခုလို ထောင်ချတယ်၊ အဝေးကို ပို့ပြီး မိဘတွေ သားချင်းတွေ လိုက်မမီအောင် ပင်ပန်းဆင်းရဲအောင် တပူပေါ် နှစ်ပူ သုံးပူ ဆင့်ကြတယ်။ ဆရာတော်ကတော့ အကုသိုလ်တွေထဲက ကုသိုလ်ရတဲ့အလုပ်ကို ရွေးပြီး စဉ်းစားတယ်။
ရန်ကုန်နဲ့ ဝေးတဲ့ နယ်အသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ အိမ်ရှင် သူတော်ကောင်း အမျိုးသားကောင်း အမျိုးကောင်းသားသမီးတွေအတွက် အရတော်တဲ့ အဖြစ်၊ ထူးတဲ့ အဖြစ်တခု ဖြစ်လာတာပဲ။
အခုလို အာဇာနည် သူတော်ကောင်း ဒကာတွေ ဒကာမတွေကို အဲဒီက ထောင်တွေထဲ ပို့လိုက်ပြီ၊ သူတို့တွေ ရောက်လာကြပြီ။ ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဂရုဏာ မေတ္တာတွေနဲ့ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကူညီဖို့ အခွင့်အရေးကြီး အဲဒီအရပ်ကို ဆိုက်ရောက်လာတာပဲ။ ၀ိုင်းပြီး ကိုယ့်သားသမီးလို၊ မိခင် ဘခင်များလို၊ ညီအကို မောင်နှမတွေကို စောင့်ရှောက်ပေးထားကြပါ။ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တွေ ရကြပါလိမ့်မယ်လို့ ဆရာတော်က မေတ္တာရပ် တောင်းပန်လိုက်ချင်ပါတယ်။
အဲဒီအထဲမှာ သင်္ကန်းချွတ်ပြီး လွှတ်လိုက်တဲ့ သံဃာတော်တွေလည်း ပါလာပါလိမ့်မယ်။ သူတို့ကိုလည်း ဂရုဏာနဲ့ စောင့်ရှောက်ပြီး သာသနာပြုပေးကြပါ။ မယူတတ်ရင် ငရဲကြီးပါတယ်။ အခုလို ခံယူလိုက်ရင် ကုသိုလ်ဖြစ်ပါလိမ့်မယ် ..”
Posted by
Phan Mee Ain - Literature Lovers
at
11:44 PM
1 comments
Wednesday, November 26, 2008
Zarganar awarded with "Freedom to Create" Prize
ဇာဂနာကို “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆု ချီမြှင့်
မိုးမခ အထောက်တော် ၀၀၂၊ ဓာတ်ပုံ - နာရီ
နိုဝင်ဘာ ၂၆၊ ၂၀၀၈
ယနေ့ ဗုဒ္ဓဟူးနေ့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Art Venture အမည်ရတဲ့ အနုပညာရှင်များ စေတနာရှင်များအဖွဲ့က ရွေးချယ်ဂုဏ်ပြုတဲ့ “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆုများမှာ မြန်မာပြည်ရဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကိုလည်း ထူးချွန်ပြောင်မြောက်တဲ့ အကျဉ်းကျ အနုပညာရှင်တဦးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

သူတို့ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ကာလတွေဟာ ၁၀ နှစ် နီးပါးရှိခဲ့တယ်။ သားတဦး သမီးတဦးနဲ့ ကိုဇာဂနာတို့ မိသားစု အတူတကွ ရပ်တည်ခဲ့ကြတယ်။ ထောင်ကျနေစဉ်ကလည်း ထောင်နံရံအပြင် အနီးဆုံးက အားပေးနိုင်ခဲ့တယ်။ သူ့အနုပညာတွေ ပိတ်ပင်ခံရတော့လည်း ပြည်ပသတင်းဌာနတွေကတဆင့် သူ့အနုပညာတွေ ပြည်သူတွေ နားမျက်စိရှေ့ ရောက်နိုင်ဖို့ မိသားစုက ကူညီခဲ့ကြတယ်။ အခုတော့ မိသားစုက အဝေးမှာရောက်နေလို့ အခုလို ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံချိန်မှာ ကျမတို့ အနီးကပ် မစောင့်ရှောက်နိုင်တော့လို့ စိတ်ထိခိုက်ရပါတယ် … လို့ ပြောကြားတယ် လို့ ပရိသတ်တဦးက ပြန်ပြောပြပါတယ်။
မလွင်မာဦးက ဆက်လက်ပြောကြားရာမှာ -ဒီဆုဟာ ကိုဇာဂနာအတွက်သာ မဟုတ်ပါဘူး၊ အဖိနှိပ်ခံထားရတဲ့၊ ယုံကြည်ချက်အတွက် လွတ်လပ်မှုအတွက် အဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေအတွက်၊ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ၊ မိသားစုတွေ အားလုံးအတွက် နိုင်ငံတကာက အနုပညာရှင်တွေ၊ ပြည်သူတွေက အလေးအနက်နဲ့ မမေ့မလျော့ အတူတကွ ရှိနေကြတယ်၊ ဂုဏ်ယူလျက်ရှိတယ်၊ အားပေးဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကျမ ခံစားမိပါတယ်လို့ စကားလက်ဆောင်ပေးတယ်လို့ သိရပါတယ်။
ပထမဆုကို ဇင်ဘာဘွေက ပြဇာတ်အဖွဲ့က ရပါတယ်။ ဇင်ဘာဘွေက သမ္မတကြီးကို သရော်တဲ့ ပြဇာတ်ဟာ ပြည်တွင်းမှာ အလွန်လူကြိုက်များလွန်းလို့ အာဏာပိုင်တွေက အစဉ် အနှောက်အယှက်ပေးခံရတယ်လို့ သိရပါတယ်။
ဒုတိယဆုကတော့ ဘားလရုဇ်က ပြဇာတ်အဖွဲ့တခုဖြစ်တယ်။ သူတို့ကလည်း နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ဖီဆန်တဲ့ အနုပညာတွေကို ရဲရဲရင့်ရင့် တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယဆုကတော့ ပါကစ္စတန်က မွတ်ဆလင် မက်ဒေါ်နာလို့ လူသိများတဲ့ ခေတ်ပေါ် အဆိုတော်ဖြစ်ပါတယ်။ သူ့သီချင်းတွေက အဖိနှိပ်ခံ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ သီချင်းတွေ၊ အယူသီး တယူသန်တဲ့ ဘာသာရေးအယူအဆတွေကို ဝေဖန်တဲ့ အနုပညာတွေကို တင်ဆက်လို့ ထောက်ခံသူကော ကန့်ကွက်သူတွေကောနဲ့ ပွဲဆူတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။
နောက်တဆုကတော့ ဘရာဇီးက ကလေးသူငယ်တွေရဲ့ ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အကြောင်း သီချင်း စီဒီတခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကလေး ၇၀ ကျော်က လစဉ် အသတ်ခံနေရတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။
“ကိုဇာဂနာအတွက် ဆုကို ကြေငြာတော့ - ဒီလူဟာ သရော်တဲ့သူ၊ ပြက်လုံးထုတ်တဲ့သူလို့ စပြောလိုက်တယ်။ ပြီးတော့ ဒီလူဟာ အစိုးရက မည်သို့ပင် ပိတ်ပင်တားဆီး ဖိနှိပ်ထားစေကာမူ ပြည်သူလူထုကြားထဲကို မီဒီယာမျိုးစုံ အထိရောက်ဆုံးသုံးပြီးတော့ အရောက်ပို့နိုင်တဲ့သူလို့ ဆက်ပြောလိုက်တယ်။ အင်မတန် ရဲရင့်တဲ့သူ၊ ထောင်အကြိမ်ကြိမ် ကျတဲ့သူ၊ ၂၀၀၇ စက်တင်ဘာမှာ အနုပညာရှင်တွေကို စည်းရုံးပြီး သပိတ်မှောက်သံဃာတွေကို ဆွမ်းကပ်တဲ့သူ၊ စွယ်စုံတဲ့နည်းတွေသုံးနိုင်တဲ့သူ - သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ်၊ စာရေးမယ်၊ အင်တာနက်သုံးမယ်၊ အင်တာဗျူးတွေလုပ်မယ်၊ နည်းမျိုးစုံနဲ့ ပြည်သူထံအရောက် လူ့အခွင့်အရေးကိစ္စအားလုံးကို ထုတ်ဖော်ပြောဆိုသူ ဖြစ်တယ်လို့ ဆက်ပြောပြီးတော့ အကျဉ်းကျနေတဲ့ အနုပညာရှင်တဦးအဖြစ် သူ့ကို ဆုချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ် … လို့ ကြေငြာတာဗျာ …”
လို့ ပွဲတက်ရောက်သူ မြန်မာအနုပညာရှင်တဦးက မိုးမခကို ပြောပြပါတယ်။
ဆုချီးမြှင့်တဲ့ အတ်ဗင်းချားအဖွဲ့အပြင် မိတ်ဆွေ အနုပညာရှင်များ၊ စာနယ်ဇင်း သမဂ္ဂပေါင်းစုံက ပညာရှင်များ စုစည်းကြပြီး ကိုဇာဂနာတင်သာမက အကျဉ်းကျ အနုပညာရှင်တွေဖြစ်တဲ့ ကိုစောဝေ၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ နေဘုန်းလတ်တို့အပြင် အသီးသီးသော အဖိနှိပ်ခံ ပညာရှင်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ ဆော်သြကြဖို့ကို ဆန္ဒရှိကြပုံရကြောင်း ပရိသတ်တဦးက ထင်မြင်ချက်ပေးခဲ့ပါတယ်။
(ဓာတ်ပုံ - ဆု၊ ဇာဂနာအကြောင်းကို ၀ါရင့်သရုပ်ဆောင်တဦး မိတ်ဆက်ပေးနေစဉ်၊ ဆုပေးပွဲ မြင်ကွင်း)
Posted by
Phan Mee Ain - Literature Lovers
at
11:10 PM
1 comments
Monday, November 24, 2008
Zarganar, Aung Way and Nge Oo Mon
ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’ တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး ... မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့ ... ... ... ...
... ... ... ...။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ ... ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
အောင်ဝေး (၁၉၉၉)
Posted by
Phan Mee Ain - Literature Lovers
at
10:17 PM
0
comments
Saturday, November 22, 2008
Zarganar - 45 Years
အိုင် (I) သုံးလုံး နဲ့ ကိုဇာဂနာ
(ဘီဘီစီ) နိုဝင်ဘာလ ၂၁ ရက် ၂၀၀၈ ခုနှစ်
စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရကို ဒီကနေ့ အီလက်ထရွန်နစ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၄၅ နှစ်ချလိုက်ပါတယ်။ ဒါပေမယ့် သူဟာ နောက်ထပ် အမှု ၄ မှုကို ဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
သူ့ကို ထောင်ချခဲ့တာနဲ့ပတ်သက်ပြီး သူဟာ အိုင် သုံးလုံးကြောင့် ဒုက္ခရောက်ရတာ၊ IT အိုင်တီကိုလေ့လာခဲ့ပြီး INTERNET အင်တာနက်ကို သုံးခဲ့လို့ INSEIN အင်းစိန်ကို ရောက်ခဲ့ရတာ ဆိုပြီး ကိုဇာဂနာက ပြက်လုံးထုတ်ခဲ့တယ်လို့ ခယ်မဖြစ်သူက ပြောပြပါတယ်။
ကိုဇာဂနာနဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင် တို့ကို ထောင် ၁၅ နှစ်အသီးသီးချ ခဲ့ပြီး ကိုတင်မောင်အေးကို ထောင် ၂၉ နှစ် ချခဲ့ပါတယ်။
ရန်ကုန် သာသနာ့သိပ္ပံကျောင်းတိုက်က သံဃာ ၅ ပါးနဲ့ လူ ၆ ဦးကိုလည်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပေ မယ့် နှစ်ဘယ်လောက်စီချခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
အရှင် ဂမ္ဘီရကို ထောင်ဒဏ် ၆၅ နှစ်
စက်တင်ဘာသံဃာ့အရေးအခင်းမှာ ဦးဆောင်ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုက ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ ထောင်ဒဏ် ၁၂ နှစ် ထပ်ပြီး ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၁၂ နှစ်၊ ကြာသပတေးနေ့က ထောင်ဒဏ် ၄၄ နှစ်ချခဲ့တဲ့အတွက် အခုဆိုရင် အရှင်ဂမ္ဘီရဟာ စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ကျခံရမှာဖြစ်ပါတယ်။
အရှင်ဂမ္ဘီရကို သာသနာကို ညှိုးနွမ်းအောင်လုပ်မှု၊ အီလက်ထရွန်နစ်အမှု၊ မတရားသင်းနဲ့ ဆက်သွယ်မှု၊ ဆူပူအောင်လုပ်မှုတွေနဲ့ စွဲချက်တင် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ အရှင်ဂမ္ဘီရနဲ့အတူ ၁၁ ဦးကို ပြစ်ဒဏ်တွေချမှတ်ခဲ့တဲ့အနက် ဦးကေလာသ ကို နောက်ထပ် ၄ နှစ် ချမှတ် ခဲ့တဲ့အတွက် စုစုပေါင်း ထောင် ၃၉ နှစ်၊ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက ကို နောက်ထပ် ၄ နှစ်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ၊ ဦးအိန္ဒရိယ ကို ၁၄ နှစ်၊ ဦးသုမန ခေါ် စာရေးဆရာ မင်းဆက် ကို ၆ နှစ်၊ အရှင်ဂမ္ဘီရရဲ့ အကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နဲ့ ကိုကျော်ကျော်နိုင်ကို ထောင် ၁၄ နှစ်စီ အသီးသီး ချခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေကိုလည်း ထောင်ဒဏ်ချမှတ်
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေထဲက ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထောင်ချနေရာမှာ လူငယ်အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချလိုက်ပါတယ်။
၅ နှစ် ထောင်ကျသူတွေထဲမှာ ကိုသိန်းသန်းထွန်း ခေါ် စမ်းချောင်းကိုကိုကြီး၊ ကိုဇော်ထက်ကိုကို၊ မသရဖီသိမ့်သိမ့်ထွန်း စတဲ့သူ ၈ ဦးကို ထောင် ၅ နှစ်ချလိုက်ပြီး ကျန်တဲ့ ကိုသော်ဇင်ထွန်း၊ ကိုစောမျိုးလှိုင် စတဲ့ သူ ၅ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလ ဆန္ဒပြမှုတွေနောက်ပိုင်း ဖမ်းဆီးခံရသူ ၉၆၀ ကျော်ရှိပြီး အခုအချိန်အထိ အဲဒီထဲကနေ ထောင်ဒဏ်အပြစ်ပေးလိုက်သူ ၁၈၀ ကျော်ရှိနေပြီလို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဘီဘီစီကို ပြောပါတယ်။
(ဓာတ်ပုံ-AP)
Posted by
Phan Mee Ain - Literature Lovers
at
9:28 PM
1 comments