Make Shift Tents for Burmese Refugee setup by the Burmese volunteer led by Burmese Artists
မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
(လေဘေး ဒုက္ခသည်တွေက ဘန်ကီမွန်းကို မျှော်နေသလား)
မိုးမခ
မေ ၂၀၊ ၂၀၀၈
ပြည်သူများနှင့်တစ်သားတည်းဖြစ်သည်
Make Shift Tents for Burmese Refugee setup by the Burmese volunteer led by Burmese Artists
မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
(လေဘေး ဒုက္ခသည်တွေက ဘန်ကီမွန်းကို မျှော်နေသလား)
မိုးမခ
မေ ၂၀၊ ၂၀၀၈
Posted by
MoeMaKha
at
5:04 PM
0
comments
မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
"ရန်ကုန်မြစ်ကြီး ညှီပြီင်္း အနံအသက်တွေ ထွက်နေပါပြီ"
မိုးမခ
မေ ၁၁၊ ၂၀၀၈
Posted by
MoeMaKha
at
12:40 PM
0
comments
ဓာတ်ပုံသတင်း
မိုးမခ
မေ ၁၆၊ ၂၀၀၈
ကလေးသူငယ်တွေမှာ ဒီလို အရေပြားအနာတွေ ဖြစ်နေကြပါတယ်
ပဲခူးမှာ ဇာဂနာ၊ အောင်လွင်နဲ့ အဖွဲ့ အလှူခံနေကြစဉ်
Posted by
MoeMaKha
at
12:38 PM
0
comments
ဗိုလ်ချုပ် ဇာတ်ညွှန်း နဲ့တော့ မဆိုင်ပါဖူး။ဒါပေမဲ့သမိုင်းမှာ ဒီလို သီချင်းမျိုးပေါ်ပေါက်ခဲ့ဖူးတယ်
ဆိုတာတော့မှတ်တမ်းလေးတင်ထားချင်လို့ပါ။
ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့။ဖတ်ကြည့်ပါခင်ဗျာ။
ပြည်ထောင်စုရယ် မောင်ရင်နု ရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်းလျတယ်
တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေး
မှာသီးခြားတည်တော့မယ်။
ခေါင်းဆောင် အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။ကိုယ့်ဗမာ ကိုယ်ချင်းသတ်ကာ
မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ် ပုဒ်မ(၅)နဲ့
အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ၇န်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ် အော် အနီရောင်
် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ်
ယုတ်မာပါပေတယ်
စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။
သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ် အမိုက်မှောင်
ဒုက္ခတွေ့တယ်
သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ် တို့လက်နက်ကို အသက်ပေးလို့ရယ်
တို့လက်နက်ကိုလိုချင်ရင်ကွယ် ဟေ့ အသက်နဲ့လဲမယ် ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ
ကော်သူးလေး ပြည်နယ် တို့လူမျိုးတွေ ရှေး၇ိုးအစဉ်အလာ ကိုယ့်ဝါဒ
ကိုယ်သိရအောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
Posted by
Zarganar
at
12:46 PM
4
comments
ဒီသီချင်းကို ရဲဘော်ဖြူတွေကရေးစပ်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကို
လူငယ်တွေစံနမူနာတင်ကြစေဖို့ရေးစပ်ခဲ့တာဖြစ်သလို
အဲဒီခေတ်အခြေအနေကိုလဲထင်ဟပ်စေခဲ့တဲ့သီချင်းဖြစ်နေလို့ ရုပ်ရှင်ဇာတ်ညွှန်းထဲမှာ
ထဲ့သွင်းဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ဖတ်ရှုလေ့လာ ကြည့်ပါခင်ဗျာ
ပျောက်ကျားစစ်
ခြေဆင်း။လွတ်လပ်ဖို့ ကြံစည်ရင်ကွယ် အကြမ်းနည်းနဲ့လက်နက်စုရမည် အနုကိုသုံးရမည် ဥပဒေထုံးနဲ့အညီ
စည်းကမ်းကျကျ အာဏာဖီဆန် သပိတ်မှောက်ရမည်။
(က)သွေးချင်းနှောလိုက်ချင်သည် တို့ဗမာတွေ အားလုံးညီ နယ်ချဲ့ရဲ့အလုပ်တွေကိုစက်ဆုပ်ပေသည်။တော်လှန်ဖို့အရေးတို့သွေးညီအသက်နဲ့လဲလို့
(စွန့်စားမည် တို့လူထု က ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲမည် ပြည်သူ့တပ်မတော် ရဲဘော် ရဲမေ အပေါင်းအသင့်ရှီသည်
ကြောက်ရင်လွဲ တကယ်ရဲမှ မင်းဖြစ်မည်
လူငယ်တွေစိတ်ဓါတ်များဟာ ဗိုလ်ချုပ်အပေါ်မှာတည်။
(ခ)အိမ်ကြက်ချင်းကို အိုးမဲသုတ်လို့ခွပ်ကြသည် ရန်သူကိုတောင် အားပေးလို့ဖြင့်တစ်ချို့ကမညီ
အို အဲဒါတွေ လါတ်လပ်ရေးအတွက် ကြန့်ကြာနှောင့်နှေးသည်။ဗမာ့မြေပုံကို သွေးနဲ့ရေးဖို့လိုပါသည်
မတရားလဲ တို့မခံ ပျောက်ကျားစစ်တို့နှံ့မည်။
(ဂ)တို့ဗမာချင်းသာ သစ္စာဖောက်လို့ အပြစ်သာရောက်အောင်ဂျောက်တွန်းချင်ပါသည် ကိုယ့်သွေးကိုသာ
တရားမမျှလို့အသားထဲကလောက်ကောင်တွေကိုသာ ရဲဘော်ဖြူတွေဟာ တိုက်ဖျက်ဖို့ရာပေါ်ထွက်လာပါပြီ
(ဃ)ကိုယ်ကျင့်တရားဆိုတာ တကယ်ကိုပင် ရှာမှရှားလို့ အချောင်သမားဝါဒနဲ့ လူလိမ်လူညာ
နယ်ချဲ့သမားရှေ့မှာမျက်နှာပြောင်ပြောင်ထားလို့
ဖော်လံဖားဝါဒနဲ့ ကလိန်ဥာဏ်တွေဆင်ကာသာ စစ်ဆေးပြီးတော့ အပြစ်ပေးပြီးတော့ သုတ်သင်ကြမယ် ဒီတစ်ခါ
(ခ)အိမ်ကြက်ချင်းကို အိုးမဲသုတ်လို့ခွပ်ကြသည် ရန်သူကိုတောင် အားပေးလို့ဖြင့်တစ်ချို့ကမညီ
အို အဲဒါတွေ လွတ်လပ်ရေးအတွက် ကြန့်ကြာနှောင့်နှေးသည်။ဗမာ့မြေပုံကို သွေးနဲ့ရေးဖို့လိုပါသည် မတရားလဲ
တို့မခံ ပျောက်ကျားစစ်တို့နှံ့မည်။
Posted by
Zarganar
at
12:28 PM
0
comments
ဇာ၈နာတို့များလုပ်လိုက်ရင် တစ်ခုခုတော့ ပွက်လောညံသွားရမှ ဆိုတာကို အစဉ်အလာ တစ်ခုအနေနဲ့ကိုထိန်းသိမ်းထားသလိုဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်းရေးတယ်ဆိုတာ ရေးချင်လို့ကိုရေးတာပါ။ဘယ်သူကမှခိုင်းလို့ရေးတာမဟုတ်ပါ။
ဒါကို စိတ်ဝင်တစားရှိဲလို့အရပ်ရပ်က စာတွေအမျိုးမျိုးရေးပို့ကြ အိမ်တိုင်ယာရောက် ဓါတ်ပုံတွေမှတ်တမ်းတွေ စာအုပ်တွေ လာပို့ကြနဲ့ ရှုတ်ရှက်တွေကိုခတ်လို့။ဟုတ်တယ်လေ။ဒါကိုကြည့်ရင် ဇာ၈နာ တို့ မြန်မာလူမျိုးတိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လာရင် ဘယ်အတိုင်းအတာထိရင်ထဲစူးနစ်လေးစားတယ်ဆိုတာ သိရတာပါပဲ။
ဒါကို ဥရောပ ကလူတွေဘောလုံးကန်မှ ထမင်းစားရတဲ့အားကစားဂျာနယ်ထုတ်စားတဲ့လူတွေက
ထိခိုက်ပုတ်ခတ် မူရင်းအကြောင်းအရာကို သေသေချာချာမလေ့လာ(ဒါများ၈ျာနယ်ထုတ်ပြီးစားသောက်နေရှာသေးတယ်။သနားလိုက်တာကွယ်)
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ဦးစားပေးပြီး
ရေးလိုက်ကြတာ ကွယ်ရို့။ခမျာများ သူတို့ပထွေးတွေက တုတ်နဲ့ထိုးတော့ ဟောင်ပေးကြသပေါ့လေ။
သေချာတာတစ်ခုကတော့ မြန်မာပြည်ကိုချစ်တဲ့မြန်မာလူမျိုးတိုင်းရဲ့ အသဲထဲ ရင်ထဲက
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်နှစ်ကြိမ်သတ်သတ် မသေပါဖူးဆိုတာ ပါပဲ။
Posted by
Zarganar
at
8:11 AM
2
comments
အမျိုးမျိုးကြိုးစားပြီးတဲ့အခါ နောက်ဆုံးမှာတော့ ရေးလို့ရပါပြီ။ဝိုင်းဝန်းကူညီကြသောမိတ်ဆွေအပေါင်းကိုကျေးဇူးတင်ရှိပါကြောင်း။
သောင်ပြင်မှာလှိုင်းရေတိုးသည့်နှယ်
အောင်မင်္ဂလာသမိုင်းအရှည်ထိုး၍
ညောင်ပင်မှာအကိုင်းတွေမညှိုးတဲ့အောင်
(ကိုင်း ရွာစား)တိုင်းပြည်အကျိုးကိုဖွင့်
Posted by
Zarganar
at
7:49 AM
0
comments