Wednesday, January 28, 2009

I am now 48 in Myitkyinar Prison - Happy Birthday To Me ...

ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၈၊ ၂၀၀၉

ယမန်နေ့ ၂၇ ရက်နေ့က ပြည်သူ့အချစ်တော် လူရွှင်တော် (ကို) ဇာဂနာ ၄၈ နှစ်ပြည့်ပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပါတယ်။ သူရဲ့ အမှတ်တရ အဖြစ် ဓာတ်ပုံမှတ်တမ်းလေးတခုကို တင်ဆက်လိုက်ပါတယ်။

7 comments:

Moe Cho Thinn said...

အကို နဲ့တကွ မတရား အဖမ်းဆီးခံ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ပါစေလို့ အကို့မွေးနေ့မှာ ရင်ထဲက ဆုတောင်းလိုက်ပါတယ်။
ပျော်ရွှင်သော မွေးနေ့လို့ ဆုံမှပဲ နှုတ်ဆက်ပါရစေနော်။..
ခင်မင်လေးစားလျက်
ကျော်ဝဏ္ဏ နဲ့ ချိုသင်း

CONTACT said...

ကိုဇာဂနာရေ..မွေးနေ့ မှာ ဘာတွေများလုပ်နေပါလိမ့်... ပရွက်ဆိတ်တွေကို ပရုပ်ဆီတွေနဲ့  ၀ိုင်းနေလေသလား၊
ကျန်းမာပါစေဗျာ။ KM

Yahtay said...

Good luck and all the best!

မြ said...

ဇာဂနာရဲ့ မွေးနေ့မှာ ဇာဂနာ့ပြက်လုံးလေး တစ်ခုလောက် ပြန်ပြီးး မျှဝေချင်တာနဲ့...

သူက လူတကာကို လိုက်ဝေဖန်နေတဲ့ ဝေဖန်ရေးသမားကြီး။ သူဝေဖန်သမျှကို နောက် လူရွှင်တော်တစ်ယောက်က စောင့်ကြည့်နေတယ်။ သူ့စကားလည်း ပြတ်ရော..အဲဒီတစ်ယောက်က မေးပါတယ်။ “သူများကိုတော့ ဝေဖန်ပြီးပြီ။ မင်းကိုယ်မင်းဝေဖန်ပါအုံး” ဆိုတော့ သူက ချက်ခြင်းပဲ ဝေဖန်ပေးပါတယ်။

“ငါ့ကိုငါ မညှာမတာ ဝေဖန်ရရင်....ငါဟာ တော်တော့်ကို တော်တဲ့ ကောင်ပဲ”

စဉ်းစားကြဖို့ပါ။

Meredithjohns said...

Happy Birthday!
Be free from unfair imprisonment as soon as possible.

နေစိုးနိုင် said...

နောက်နှစ် မွေးနေ့ post လေး ကို ဦးဇာဂနာ ကြီး ကိုယ်တိုင် တင်နိုင်ပါစေဗျာ

Unknown said...

သူတောင်းစား ညီလာခံ လေး ကြည့်ပါရစေလား ခင်ဗျား။ဘယ်ဆိုဒ်ကို ၀င်ကြည့်ကြည့် ထစ်ငေါ့ ထစ်ငေါ့ ဖြစ်နေတယ် ဒေါင်းစရာလေးကော ပေးပါခင်ဗျားး။