Tuesday, March 4, 2008

အရပ်ရပ်ကလာကြသည်

ဇာ၈နာတို့များလုပ်လိုက်ရင် တစ်ခုခုတော့ ပွက်လောညံသွားရမှ ဆိုတာကို အစဉ်အလာ တစ်ခုအနေနဲ့ကိုထိန်းသိမ်းထားသလိုဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်းရေးတယ်ဆိုတာ ရေးချင်လို့ကိုရေးတာပါ။ဘယ်သူကမှခိုင်းလို့ရေးတာမဟုတ်ပါ။
ဒါကို စိတ်ဝင်တစားရှိဲလို့အရပ်ရပ်က စာတွေအမျိုးမျိုးရေးပို့ကြ အိမ်တိုင်ယာရောက် ဓါတ်ပုံတွေမှတ်တမ်းတွေ စာအုပ်တွေ လာပို့ကြနဲ့ ရှုတ်ရှက်တွေကိုခတ်လို့။ဟုတ်တယ်လေ။ဒါကိုကြည့်ရင် ဇာ၈နာ တို့ မြန်မာလူမျိုးတိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လာရင် ဘယ်အတိုင်းအတာထိရင်ထဲစူးနစ်လေးစားတယ်ဆိုတာ သိရတာပါပဲ။
ဒါကို ဥရောပ ကလူတွေဘောလုံးကန်မှ ထမင်းစားရတဲ့အားကစားဂျာနယ်ထုတ်စားတဲ့လူတွေက
ထိခိုက်ပုတ်ခတ် မူရင်းအကြောင်းအရာကို သေသေချာချာမလေ့လာ(ဒါများ၈ျာနယ်ထုတ်ပြီးစားသောက်နေရှာသေးတယ်။သနားလိုက်တာကွယ်)
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ဦးစားပေးပြီး
ရေးလိုက်ကြတာ ကွယ်ရို့။ခမျာများ သူတို့ပထွေးတွေက တုတ်နဲ့ထိုးတော့ ဟောင်ပေးကြသပေါ့လေ။
သေချာတာတစ်ခုကတော့ မြန်မာပြည်ကိုချစ်တဲ့မြန်မာလူမျိုးတိုင်းရဲ့ အသဲထဲ ရင်ထဲက
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်နှစ်ကြိမ်သတ်သတ် မသေပါဖူးဆိုတာ ပါပဲ။

2 comments:

Yahtay said...

Excellent! Please write more.

Dawn Gwin (ဒေါင်းဂွင်) said...

ခေါင်းလောင်း

ဘယ်လောက် ဟောင်းဟောင်း
မပျော့ ပြောင်းဘူး
ခေါင်း … အမြဲမာတယ် ။

ဘယ်သူ ထုထု
သူ … မမှုဘူး
ထုတဲ့ တင်းပုတ်
ဖွာစုတ် ပျက်စီးသွားလေရဲ့။

ဗိုက်ဟောင်းလောင်းနဲ့
ဝမ်းခေါင်းက ဟင်းလင်းပြင်ဖြစ်နေလည်း
ရိုက်နှက်ထုထောင်း
သီချင်းတောင်းတော့
မပြောင်းတဲ့ တေးကိုဆို ………. နေဆဲ ။ ။

မောင်နမ်းဝေ ( ဗန်းမော် )

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံပြုပြင်ပြောင်းလဲရေး ကို တတပ်တအား ပြုလုပ်နေသူများသို့