Thursday, September 20, 2007

ဆိုင်ကယ်လှလှလေးတွေ

ထိုပုဂ္ဂိုလ်သည် ရှေ့မှာတန်း ခေါင်းငုံ့ လှေကားတစ်ခုရှိတယ်ေ၇မြောင်းကျော်လိုက် စသဖြင့်တတွတ်တွတ် စေခိုင်းလာလေသည်။ကျွန်တော်သည်လည်း မဆွကပင် ထောက်လှမ်းရေးအကြောင်းများဖတ်ခဲ့ဖူးသည့်အားလျော်စွာ ခေါင်းငုံ့ခိုင်းသူက သူကိုယ်တိုင်ခေါင်းလိုက်မငုံ့သည့်အဖြစ်ကို ရိပ်မိသွားပြီးနောက် ထိုသူစေခိုင်းသမျှက်ုလိုက်မလုပ်ပဲနေ၇န်
ဆုံးဖြတ်လိုက်တော့သည်။သံဆူးကြိုးရှိတယ် ခေါင်းငုံ့ ဟု ထိုသူကစေခိုင်းလိုက်သောအခါ ကျွန်တော်သည် ခေါင်းမငုံ့ပဲ တည့်တည့်ပင် ၀င်တိုးလိုက်လေတော့ရာ ဘာသံဆူးကြိုးနဲ့မှ မငြိပဲရှိလေသည်။အနှီပု ဂ္ဂိုလ် ထိုပုဂ္ဂိုလ်
၎င်းပုဂ္ဂိုလ် အကြင်ပုဂ္ဂိုလ်သည် သူ့ကြံစည်ချက်ပျက်ပြားသွားသဖြင့်ဒေါသပွားကာ ကျွန်တော့အား သစ်ပင်ကြီးတစ်ပင်ဆီသို့အတင်းဆွဲခေါ်သွားလေရာ ကံကောင်းထောက်မစွာ မျက်နှာ နှင့်မတိုက်မိပဲ ပခုံးနှင့်သာ တိုက်မိလိုက်သဖြသ့်သက်သာရာ ရသွားလေတော့သည်။သည့်နောက်မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက်များပျက်ပြားသွားသောကြောင့်ထင့် ကျွန်တော့အားအခန်းတစ်ခုထဲသို့ထဲ့ထားလိုက်လေတော့သည်။အုတ်နံရံကို ကျွန်တော့ မျက်နှာ နှင့်အပ်စေပြီးနောက် နောက်လှည့်မကြည့်နဲ့ဟု အမိန့်ပေးကာ ထိုပုဂ္ဂိုလ်သည် အခန်းအပြင်ဖက်သို့ ခတ်သွက်သွက် ထွက်သွားလေတော့သည်။
ဆက်ရန်

No comments: