Sunday, March 23, 2008

ပျောက်ကျားစစ်

ဒီသီချင်းကို ရဲဘော်ဖြူတွေကရေးစပ်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကို
လူငယ်တွေစံနမူနာတင်ကြစေဖို့ရေးစပ်ခဲ့တာဖြစ်သလို
အဲဒီခေတ်အခြေအနေကိုလဲထင်ဟပ်စေခဲ့တဲ့သီချင်းဖြစ်နေလို့ ရုပ်ရှင်ဇာတ်ညွှန်းထဲမှာ
ထဲ့သွင်းဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ဖတ်ရှုလေ့လာ ကြည့်ပါခင်ဗျာ

ပျောက်ကျားစစ်
ခြေဆင်း။လွတ်လပ်ဖို့ ကြံစည်ရင်ကွယ် အကြမ်းနည်းနဲ့လက်နက်စုရမည် အနုကိုသုံးရမည် ဥပဒေထုံးနဲ့အညီ
စည်းကမ်းကျကျ အာဏာဖီဆန် သပိတ်မှောက်ရမည်။
(က)သွေးချင်းနှောလိုက်ချင်သည် တို့ဗမာတွေ အားလုံးညီ နယ်ချဲ့ရဲ့အလုပ်တွေကိုစက်ဆုပ်ပေသည်။တော်လှန်ဖို့အရေးတို့သွေးညီအသက်နဲ့လဲလို့
(စွန့်စားမည် တို့လူထု က ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲမည် ပြည်သူ့တပ်မတော် ရဲဘော် ရဲမေ အပေါင်းအသင့်ရှီသည်
ကြောက်ရင်လွဲ တကယ်ရဲမှ မင်းဖြစ်မည်
လူငယ်တွေစိတ်ဓါတ်များဟာ ဗိုလ်ချုပ်အပေါ်မှာတည်။
(ခ)အိမ်ကြက်ချင်းကို အိုးမဲသုတ်လို့ခွပ်ကြသည် ရန်သူကိုတောင် အားပေးလို့ဖြင့်တစ်ချို့ကမညီ
အို အဲဒါတွေ လါတ်လပ်ရေးအတွက် ကြန့်ကြာနှောင့်နှေးသည်။ဗမာ့မြေပုံကို သွေးနဲ့ရေးဖို့လိုပါသည်
မတရားလဲ တို့မခံ ပျောက်ကျားစစ်တို့နှံ့မည်။
(ဂ)တို့ဗမာချင်းသာ သစ္စာဖောက်လို့ အပြစ်သာရောက်အောင်ဂျောက်တွန်းချင်ပါသည် ကိုယ့်သွေးကိုသာ
တရားမမျှလို့အသားထဲကလောက်ကောင်တွေကိုသာ ရဲဘော်ဖြူတွေဟာ တိုက်ဖျက်ဖို့ရာပေါ်ထွက်လာပါပြီ
(ဃ)ကိုယ်ကျင့်တရားဆိုတာ တကယ်ကိုပင် ရှာမှရှားလို့ အချောင်သမားဝါဒနဲ့ လူလိမ်လူညာ
နယ်ချဲ့သမားရှေ့မှာမျက်နှာပြောင်ပြောင်ထားလို့
ဖော်လံဖားဝါဒနဲ့ ကလိန်ဥာဏ်တွေဆင်ကာသာ စစ်ဆေးပြီးတော့ အပြစ်ပေးပြီးတော့ သုတ်သင်ကြမယ် ဒီတစ်ခါ
(ခ)အိမ်ကြက်ချင်းကို အိုးမဲသုတ်လို့ခွပ်ကြသည် ရန်သူကိုတောင် အားပေးလို့ဖြင့်တစ်ချို့ကမညီ
အို အဲဒါတွေ လွတ်လပ်ရေးအတွက် ကြန့်ကြာနှောင့်နှေးသည်။ဗမာ့မြေပုံကို သွေးနဲ့ရေးဖို့လိုပါသည် မတရားလဲ
တို့မခံ ပျောက်ကျားစစ်တို့နှံ့မည်။

Tuesday, March 4, 2008

အရပ်ရပ်ကလာကြသည်

ဇာ၈နာတို့များလုပ်လိုက်ရင် တစ်ခုခုတော့ ပွက်လောညံသွားရမှ ဆိုတာကို အစဉ်အလာ တစ်ခုအနေနဲ့ကိုထိန်းသိမ်းထားသလိုဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်းရေးတယ်ဆိုတာ ရေးချင်လို့ကိုရေးတာပါ။ဘယ်သူကမှခိုင်းလို့ရေးတာမဟုတ်ပါ။
ဒါကို စိတ်ဝင်တစားရှိဲလို့အရပ်ရပ်က စာတွေအမျိုးမျိုးရေးပို့ကြ အိမ်တိုင်ယာရောက် ဓါတ်ပုံတွေမှတ်တမ်းတွေ စာအုပ်တွေ လာပို့ကြနဲ့ ရှုတ်ရှက်တွေကိုခတ်လို့။ဟုတ်တယ်လေ။ဒါကိုကြည့်ရင် ဇာ၈နာ တို့ မြန်မာလူမျိုးတိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လာရင် ဘယ်အတိုင်းအတာထိရင်ထဲစူးနစ်လေးစားတယ်ဆိုတာ သိရတာပါပဲ။
ဒါကို ဥရောပ ကလူတွေဘောလုံးကန်မှ ထမင်းစားရတဲ့အားကစားဂျာနယ်ထုတ်စားတဲ့လူတွေက
ထိခိုက်ပုတ်ခတ် မူရင်းအကြောင်းအရာကို သေသေချာချာမလေ့လာ(ဒါများ၈ျာနယ်ထုတ်ပြီးစားသောက်နေရှာသေးတယ်။သနားလိုက်တာကွယ်)
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ဦးစားပေးပြီး
ရေးလိုက်ကြတာ ကွယ်ရို့။ခမျာများ သူတို့ပထွေးတွေက တုတ်နဲ့ထိုးတော့ ဟောင်ပေးကြသပေါ့လေ။
သေချာတာတစ်ခုကတော့ မြန်မာပြည်ကိုချစ်တဲ့မြန်မာလူမျိုးတိုင်းရဲ့ အသဲထဲ ရင်ထဲက
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်နှစ်ကြိမ်သတ်သတ် မသေပါဖူးဆိုတာ ပါပဲ။

သေနိုင်ပါရိုးလား

အမျိုးမျိုးကြိုးစားပြီးတဲ့အခါ နောက်ဆုံးမှာတော့ ရေးလို့ရပါပြီ။ဝိုင်းဝန်းကူညီကြသောမိတ်ဆွေအပေါင်းကိုကျေးဇူးတင်ရှိပါကြောင်း။
သောင်ပြင်မှာလှိုင်းရေတိုးသည့်နှယ်
အောင်မင်္ဂလာသမိုင်းအရှည်ထိုး၍
ညောင်ပင်မှာအကိုင်းတွေမညှိုးတဲ့အောင်
(ကိုင်း ရွာစား)တိုင်းပြည်အကျိုးကိုဖွင့်

Wednesday, January 30, 2008

တောင်းပန်စာ

ရွှေဥသြတို့မသဒါတို့ကိုကျေးဇူးတင်ပါတယ်။ကျွန်တော့ဘလော့မှာ ကျွန်တော်ဘယ်လိုမှ ၀င်ရေးလို့မရ C boxထဲလဲဝင်လို့မရလို့
တခြားတစ်ယောက်ကို ရေးခိုင်းလိုက်ရတာပါ။ဗိုလ်ချုပ်ကိစ္စ တော်တော် ညှိနှုင်းနေရလို့ပါ။ပြီးရင်တော့ ဇာတ်ညွှန်းတွေဆက်တင်သွားပါ့မယ်
နှောင့်နှေးမှုတွေအားလုံး ကျွန်တော့အပြစ်ပါ။

Monday, January 21, 2008

ပြန်လည်ထူထောင်ရေးသီချင်း(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားဇာတ်ဝင်တေးများ ၆)

အကြံပေးကြသူအပေါင်း အားပေးကြသူအပေါင်း ကောင်းကောင်းကြီးကျေးဇူးတင်ပါတယ်။အသံဖိုင်ကိုတင်ဖို့အတွက် ရက်ပေါင်းများစွာ
ကြိုးစားခဲ့ပေမဲ့မအောင်မြင့်ခဲ့ပါ။ဒါကြောင့်www.zarganar.com/life နဲ့ www.moemaka.com မှာတင်နိုင်အောင် ကြိုးစားပါ့မယ်။စောင့်မျှော်
နားဆင်ပေးပါခင်ဗျာ။လောလောဆယ်မှာ ဗမာ့သူရဲကောင်း။လူထုတိုက်ပွဲ။လွမ်းမပြေတဲ့ပန်းခွေ။အလင်းရောင်စစ်သည်။တပ်မတော်အစ အောင်ဆန်းက။ ပြန်လည်ထူထောင်ရေး ဆိုတဲ့ သီချင်းများပြီးခဲ့ပါပြီ။
ခု တော့ ပြန်လည် ထူထောင်ရေးသီချင်းကို နောက်ခံသမိုင်းနဲ့တကွဖော်ပြပေးလိုက်ပါတယ်။သီချင်းတွေရဲ့နောက်ခံသမိုင်းလေးတွေ ဖြစ်နိုင်ရင်
ဖော်ပြပေးပါလို့ပြောလာတဲ့ မိတ်ဆွေများ ကျေနပ်ကြပါစေ။

ပြန်လည် ထူထောင်ရေးသီချင်း
တေးရေး။ရန်နိုင်စိန်
တေးဆို။စိန်ပါတီ

ဘုရင်ခံဆာဒေါ်မန်စမစ် ပြန်သွားသောအခါ ဗိုလ်ချုပ်ကြီးမောင့်ဘက်တန် ၏တပ်တွင် နိုင်ငံရေးအရာရှိဖြစ်ခဲ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဖူးဆုံဖူးသော ဆာ ဟူးဘတ်ရန့်စ် ကို မြန်မာပြည်သို့ လွှတ်လိုက်သည်။ဘုရင်ခH ရန့်စ် က ဗိုလ်ချုပ်အောင်ဆန်းနှင့် အရေးတကြီး ကိစ္စရှိသဖြင့်တိုင်ပင်ရန်ကြွပါ ဟု ဖိတ်ခေါ်သည်။ထိုအခါ ဗိုလ်ချုပ်က လူ ကြီးမင်း၏ဖိတ်စာကိုရလို့ ၀မ်းသာပါသည်။သို့သော် ကျွန်တော် ဖျားနေသဖြင့် အိပ်ယာမှ မထ နိုင်သေးပါ။လူကြီးမင်း ကိုယ်တိုင် ကြွရောက်နိုင်လျင် ကြွခဲ့ပါ ဟု စာပြန်လိုက်လေသည်။
ဘုရင်ခံသည် တာဝါလိမ်း လမ်း အိမ်သို့ ကြွရောက်လာကာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ကာ အစိုးရအဖွဲ့ ဖွဲ့ ဖို့ပြောလေသည်။သို့နှင့် ဗိုလ်ချုပ် သက်သာ လာသောအခါ ဖ ဆ ပ လ ဦးစီးအဖွဲံ နှင့် တိုင်ပင်၍ အစိုးရအဖွဲ့စာရင်းကို တင်ပြလိုက်သည်။စက်တင်ဘာ ၂၈ ရက်၁၉၄၆
ခုနှစ်တွင် ဗိုလ်ချုပ် အစိုးရအဖွဲ့ ကိုကြေညာသည်။မျိုးချစ်ပါတီမှ ဂဠုန် ဦးစော။တို့ဗမာ အစည်းအရုံးမှ သခင်ဗစိန်။ဦးသိန်းဖေ(တက်ဘုန်းကြီးသိန်းဖေ)နှင့် ဖ ဆ ပ လ အဖွဲ့ချုပ်မှ သခင်မြ ဗိုလ်ခင်မောင်ကလေး ဦးကျော်ငြိမ်း စသူတို့ပါဝင်လေသည်။
ဘုရင်ခံသည် လွှတ်တော် ဥက္ကဌ ဖြစ်သော်လည်း လွှတ်တော်သို့မလာတော့ချေ။ဗိုလ်ချုပ်ကို ဒုတိယ ဥက္ကဌနေရာမှာ ထား၍ အာဏာကို လွှဲထားလေသည်။၁၉၄၇ ဇန်န၀ါရီ လ ဆန်းတွင် ဗိုလ်ချုပ်တို့ အင်္ဂလန်သို့သွားသည်။အပြန်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၌ ပင်လုံစာချုပ် ချုပ်ဆိုသည်။ထိုဖေဖေါ်ဝါရီ လ ထဲမှာပင် ပြည်လမ်းရှိ ဆိုရန်တို ဗီလာ အဆောက်အဦ ၌ ပြန်လည်ထူထောင်ရေးမိန့်ခွန်း ကို ပြောကြားခဲ့လေသည်။ထိုမိန့်ခွန်းကိုအခြေခံ ကာ ဆရာ ရန်နိုင်စိန် က ပြန်လည်ထူထောင်ရေးသီချင်းကို ရေးစပ်ခဲ့လေတော့သည်။

တေးစာသားအပြည့်အစုံမှာ

၁။ကိုယ့်တိုင်းပြည် ကောင်းစားဖို့ရာ ကိုယ့်အားနဲ့ကိုယ့်တာဝန်မှန်သည်။စစ်ဘေးစစ်ဒဏ်သင့်လို့ ပြာဖြစ်ခဲ့တဲ့တို့ပြည်ကိုသာအတည် ထူထောင်ဖို့ရာ
တိုင်းရင်းသားအစစ် တို့တာဝန်ဖြစ်သည်။ကြိုတင်ကာ တောင်းပန်ပါရစီ။ခိုးသားဓါးပြဘေး ဝေးမှသာ အတည် အေးချမ်းစွာ ကုန်စည် ကူးသန်းရောင်းဝယ် စုန်ဆန်မည်။
(သံပြိုင်)လူထုအားကို အများကြီးလိုသည် ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီ တိုင်းရင်းသားများသည် ယိုင်းပင်းကြရမည် ငွေဝင်ကောင်းအောင် အကြောင်းရင်းရှာမည် ငွေထွက်နဲ ဖို့ အမြဲပဲ ကြံစည် (နည်းပေးလမ်းပြမည်)၂ နဲနဲတော့ အပျော်အပါး လျော့စေချင်သည် ဗမာ ပြည်ထောင်စု ကိုပြန်လည်ထူထောင်မှု နဲ့ ပြုပြင်မည်။
၂။ကိုင်းကျွန်းလယ်ယာများကို ခွန်အားနဲ့ ပိုမို ကြံစည် စပါးထွက်များမှ နိုင်ငံခြားကငွေများစွာလဲ ရောက်လာနိုင်မည် ဥယျဉ်ခြံမြေများကို
အချိန်အားမှာ စီမံ နိုင်မည် ဒူးရင်း သြဇာ ပိန္နဲသရက် နဲ့ဒီဖက်ကလဲ အချက်ကျဝင်မည် ခြွေခြွေတာတာ မတရားတဲ့အဖိုးတန် အစားလဲ ခြိုးခြံ အ၀တ်မှာလဲ ခြိုးခြံ သို့မှသာ မြန်မာပြည်ကြီး ခရီးလဲရောက်အောင် ဖန်တီးနိုင်ပေမည် အော် အမျိုးသားရေးမို့ ကြိုးစားပေးရမည်။
(သံပြိုင်)
၃။စည်းလုံးပါလို့ တို့ထူထောင်ပါမည် ပိုက်ဆံချွေတာကာသုံး မဖြုန်းပါနဲ့အတည် တို့ငွေတွေ နိုင်ငံခြားကို
မသွားရအောင် ကြံဆောင်ပါရမည်။စည်းကမ်းထားကာ နည်းလမ်းများရှာ သို့မှသာ အမြန်နာလန် ထ နိုင်ပါမည် ပြန်လည်ထူထောင်ရေး
ခုမှတွေးမိသညိ (ငွေငွေငွေ တို့ ငွေ ရအောင် စုမည်)၂ ကြိုးစားကာ အမျိုးသားမှန်သမျှ တိုင်းပြည်ပြာပုံက နတ်ဘုံ နတ်နန်းတည်။
(သံပြိုင်)

Sunday, January 13, 2008

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဇာတ်ဝင်တေးသီချင်းများ(၅)

အလင်းရောင်စစ်သည်
တေးရေး။ရွှေတိုင်ညွန့်
နေအရုဏ်ကျင်းကာ အရှေ့လောကဓါတ်ကြီး ထိန်လင်းပါပြီ
ကမ္ဘာမြေမှာ ထူးခြားစွာ တို့ရဲဘော်များစွန့်စားခဲ့ပြီ။
အာရှတိုက်အားကိုဆောင်ပြီ ကုဋေတစ်သိန်းလဲ နိုးနေပါပြီ
နေမင်းရဲ့လင်းရောင်ခြည် လှုံ့ဆော်သည် ကြီးပွားလမ်းဖော်သူခေါ်လျက်ရှိပြီ
အို အာရှတိုက်သားနိုးကြားရှေဆောင် အောင်ခဲ့ပြီ လက်စားချေရေး
တို့သွေးသားများ ဆူပွက်ခဲ့ပြီ ထ လော့ ထ လော့ နယ်ချဲ့တဲ့ လူမျိုးတွေ
ငါတို့မကျေနပ်သည် လက်စားကိုချေပါမည် အလင်းရောင်စစ်သည် တပ်မတော် ရှေ့သို့ချီ။
နိယာမ အလင်းရောင် ထွန်းပြောင်လျက်ရှိသည် နတ်ပြည် နဲ့ အလားညီ အာရှတိုက်ကြီးသည်
တို့တာဝန်အပြီးအမြောက် ခရီးပေါက်အောင် ချီးမြှောက်ကြတော့အတည်
နှလုံးသား စိတ်ညီ တရားလမ်းသဘောသည် ခြင်္သေ့မင်းသို့ဟောက်သည်။
ငြိမ်းချမ်းရေးကို တရားလမ်း စစ်တဲ့အုတ်မြစ်ပေါ်မှာ အခြေံခိုင် စွဲစေမည်
ခမ်းခမ်းနားနား စွမ်းအားဂုဏ်ရည် မြဲမြဲဆောင်ရန် အောင်လံ စိုက်ထူပြီ။
(အို အာရှတိုက်သား - -- ---- တပ်မတော်ရှေ့သို့ချီ)

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဇာတ်ဝင်တေးသီချင်းများ(၄)

လူထုတိုက်ပွဲ
ရေးသူ။ရန်နိုင်စိန်

(သပိတ် သပိတ် မှောက်မှောက်)
တော်လှန်ရေးမို့ သွေးညီကာ
တို့တိုင်းရင်းသားများတို့သာ
ဗိုလ်ချုပ် ကြီး ရဲံ့နောက်တော်မှာ တမျိုးသားလုံးသွေးစည်းကာ။
ဗမာပြည်ပေါ်မှာ ဂုတ်သွေးစုတ်တဲ့အယုတ်တမာကောင်တွေဟာ
ညီညီညာညာ အင်အားပေါင်းလို့ မောင်းနှင်ပြစ်ရမှာ
တော်လှန်မှာ သွေးစည်းပါ
လူထုတိုက်ပွဲ နွှဲဆင်မှာ
တပြည်လုံး အညီဆုံး တပြည်လုံး
အုန်းအုန်းကျွက်ကျွက်ပါ
ဗမာပြည်မှာ နှစ်ပေါင်းတရာ သူ့ကျွန်တွင်းကိုရောက်လာ
တော်လှန်တာ အခါများစွာ အခုလာက်ဖြင့်မညီညာ
ဗိုလ်အောင်ဆန်းရဲ့ လမ်းက မှန်းလို့သေချာ
လွတ်လပ်ရန် ဧကန်ပဲ
မလွဲပါ တကယ် လိုက်နာပါ။