Showing posts with label V. Show all posts
Showing posts with label V. Show all posts

Thursday, October 23, 2008

White Rainbow - Burmese Poetry Festival 2006 Part One


ဇာဂနာ၊ စောဝေ၊ ဇော်သက်ထွေးနဲ့ အောင်ဝေး ပြီးတော့

၂၀၀၆ အဖြူရောင် သက်တံ အမှတ်တရ

အပိုင်း ၁

မိုးမခ ရုပ်သံ

အောက်တိုဘာ ၂၃၊ ၂၀၀၈

အဖြူရောင် သက်တံ ၂၀၀၆ ကဗျာရွတ်ဆိုပွဲ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါ ကူးစက်ခံထားရတဲ့ မြန်မာကလေးငယ်များအတွက် အဲသည်တုံးက မြန်မာ အနုပညာ ညီအကိုမောင်နှမတွေရဲ့ အနုပညာအလှူပွဲ တခုဖြစ်ပါတယ်။

ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူတွေက ၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ ပြည်ပမဲဇာရောက်ခဲ့ရသူ အောင်ဝေး၊ အဲဒီနောက် ကဗျာတပုဒ်နဲ့ အကျဉ်းကျနေသူ စောဝေ၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ဇာဂနာ၊ ဇော်သက်ထွေးတို့တွေ အပါအ၀င် ဖြစ်ပါတယ်။

သူတို့တွေကို အမှတ်တရ အနေနဲ့၊ ပြီးတော့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ခုချိန်မှာ ခိုကိုးရာမဲ့ ချို့တဲ့လျက်ရှိနေတဲ့ HIV ရောဂါသင့် ကလေးသူငယ်များ အားလုံးသို့

၂၀၀၆ တုံးက ထိုးခဲ့တဲ့ခေါင်းလောင်း …

အခု … လက်ဆင့်ကမ်းလိုက်တဲ့ …

လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်းသံ …

ကဗျာ …

(ဒီနေရာက သွာုးကည့်နိုင်ပါပြီ - MoeMaKa Dot Net Video Archives)