Sunday, January 13, 2008

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဇာတ်ဝင်တေးသီချင်းများ(၃)

တပ်မတော်အစ အောင်ဆန်းက
ရေးသူ။ဝဇီရာ
တေးဆို။အများ

(ဗမာ့တပ်မတော် ဖြစ်လာအောင် ကြံဆောင်ခဲ့တာ အားတက်စရာ ခေတ်သစ် ရဲ့ တို့ ရာဇ၀င်မှာ
ဗိုလ်အောင်ဆန်းဟာ အစွမ်းပြကာ
ဂုဏ်ယူဖွယ် ကမ္ဘာတလွှားမှာ ဗမာများသာ ၀ါကြွားစရာ
လူ ငယ်တွေခေါင်းဆောင်လာ ဗိုလ်ချုပ်တေဇ ပါ။ရန်သူကို ချေမှုန်းမယ် နေတနှုန်းနှယ်
ရွှေဘုန်းကြွယ် တကယ်ပင် ကြံ့ခိုင်စွာ အောင်တပ်မတော် ကြီးသာ လက်နက်စုံညီစွာ
ထူးထူးခြားခြား အားစွမ်းဂုဏ်ရည် ယောင်္ကျားဇာနည်
သာကီမျိုးမြန်မာ။
ရာဇဓိရာဇ် နဲ့ ဘုရင့်နောင်ဟာ ရာဇ၀င်ပြောင်ခဲ့တာ
သူရဲကောင်းစာရင်းပါပြီ ဇာနည် အောင်ဆန်းပါ)
တို့ပြည်ဗမာ တို့ပိုင်အောင်သာ သတ္တိကိုပြကာ
အော် စည်းလုံးညီညွတ်စွာ ရဲစိတ်မာန် ဇာနည်သွေးကို မွေးနိုင်စေရာ။
တို့ဗိုလ်ချုပ်ဟာ ဗမာပြည်တခွင် ရာဇ၀င် ချဲ့ထွင်ခဲ့တာ။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဇာတ်ဝင်တေးသီချင်းများ(၂)

တစ်တပ်ထဲ ချီတက်မည်
ရေးသူ။ရွှေတိုင်ညွန့်
ဆိုသူ။အများ

ဗမာပြည်ကြီး ခေတ်သစ်ပြောင်းလို့ အခါကောင်းပေါ်လာပြီ
ကမ္ဘာအရှေ့ပိုင်းတိုင်းရင်းသားမို့ ငါတို့ ကူဝိုင်းမည်။
နိပွန် တို့ဗမာ ချစ်ကြသည် သွေးနဲ့ချွေးနဲ့အရင်းစိုက်တည် ဗမာ့ခေတ်သစ်ကို
ထူထောင်ဖန်တည်း ကြီးပွားရပေမည်။
တစ်သွေးတသံတမိန့်ထဲကို တစ်စိတ်ထဲ စွဲရမည်
တို့ဗမာ ငါတို့ဗမာ တစ်တပ်တည်း ချီတက်မည်
ဗမာပြည် လွတ်လပ်ရမည် လွတ်လပ်ရမည်
ဗမာသစ် နဲ့အခါသစ် ဗမာခေတ်သစ် ထူထောင် အောင်မြင်မည်။
ကမ္ဘာသစ်လို့အခါသစ်ပေါ်ပြီ အခါသစ်လို့ဗမာသစ်ပေါ်ပြီ တို့ဗမာတွေညီ
အမှောင်ကို ပယ်ခွင်းမည်
အလင်းရောင်ထိုးတော့သည် အမှောင်ကို ပယ်ခွင်းမည် အလင်းရောင် ထိုးတော့ သည်။
ရန်သူတွေကို လက် စ တုံးအောင် တို့ချေမှုန်းရမည်
အာရှခေတ်သစ်ထူထောင်ရေးမှာ တစ်သွေးထဲ ဖြစ်ပါသည်
တို့ဗမာသွေးညီ
သာကီမျိုးဟေ့ တို့ဗမာပြည်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဇာတ်ဝင်တေးသီချင်းများ

အောင်ဆန်းနော် သီချင်း
ရေးသူ။ရန်နိုင်စိန်

ချီတက်ကြစို့ တို့ဗမာတပ်မတော် စစ်ဆိုရင် ရဲ စိတ်တွေဝင်
ဗမာတိုင်းပျော် ကမ္ဘာတွင်ရာဇ၀င်တွင်ထိုက်သနော်
ပွဲတိုင်းကျော် လွတ်လပ်ရေးခေါ် တို့တပ်မတော် တံခွန်စိုက်သနော်
အဖ နိုင်ငံ ဂုဏ်ကို ကယ်တင်ခဲ့တဲ့အောင်ဆန်းနော် ဗိုလိချုပ်နော်
တေဇ နော် တို့စစ်သည် သွေးတစ်စက် ရာပြည်ထောင် အသက်နဲ့လဲလို့
ဘက်မတန်ပေါင်နော် ဘုန်းတန်ခိုး အာနုဘော် လွှမ်းမိုးလို့ကမ္ဘာလုံးကျော်
ပြိုင်ဖက်ကင်းတဲ့ ကောလီအတွင်းဝယ် တစ်ဦးတည်းမင်းမဟော်
ရှည်ပါစေ ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော်
နယ်ချဲ့ဂုတ်သွေးစုတ် အမျိုးယုတ်ကောင်တွေကို
တန်ခိုးနုပ်အောင် အမျိုးပြုတ်အောင် ကျူပင်ခုတ်ကျူငုတ်မကျန်သော်ဝ်
(အဖနိုင်ငံ- - -- - ----- ----- ------အသက်ရာကျော်)

Friday, January 11, 2008

ဖာတ်ညွှန်းနဲ့ပတ်သက်သမျှ

ကျွန်တော် ရေးနေတာ တော်တော် ခရီးရောက်နေပါပြီ။အခြေအနေတစ်ခုကဖန်တီးလာတော့ ခန ကလေး(သိတ်မကြာပါဖူး)ရပ်ပါရစေ။
ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ကျွန်တော် တို့ ဗိုလ်ချုပ်ရဲ့ ရုပ်ရှင် ကို ထုတ်လုပ်ချင်သူတွေ ကမ်းလှမ်းလာပါပြီ။သူတို့အတွက် English version
နဲ့ ပြန်ရေးပေးနေရပါတယ်။ကျွန်တော့ C box ထဲမှာ လိပ်စာတောင်းသူများအဆင်ပြေအောင် Gmail address ထဲ့ပေးလိုက်ပါတယ်။ကြိုက်တာရေးပါခင်ဗျာ။ဗိုလ်ချုပ်နဲ့ပတ်သက်တာမှန်သမျှ ကျွန်တော် တို့ အလိုရှိပါတယ်။zgnar2008@gmail.com ပါ။

Wednesday, January 9, 2008

ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်း(၅)

အချိန်။၁၉၃၄ ခုနှစ် နိုဝင်ဘာ လ
နေရာ။တက္ကသိုလ်ကျောင်းသား သမဂ္ဂ နှင့် အဓိပတိလမ်း

တ က သ ရွေးကောက်ပွဲ ဟူသော ဆိုင်းဘုတ်
ထိုမှတဆင့် ပျားပန်းခတ် ၀င်ထွက်နေကြသော ကျောင်းသားများ
ခန်းမ ထိပ်ဖက်ဆုံးတွင် မဲပုံးများထောငိထား
ကျောင်းသားတချို့ စကားပြောနေ
ကျောင်းသားတချို့ မဲထဲ့နေ
ကျောင်းသားတချို့မဲစာရင်းသွင်းနေ
ကိုဖိုးအေး ကိုကျော်ထွန်းတို့အဖွဲ့ စားပွဲတစ်လုံးတွင် စု ထိုင် ကာ စကားပြောနေကြ
(၀တ်စားထားပုံမှာ မင်းသားရှုံးလောက်စေ။ပိုးတိုက်ပုံ ဘန်ကောက်ပုဆိုး ဆံပင် ကို ခွဲကြောင်းညီညီ ခွဲထားစေ)
ကျောင်းသား(၁)။ကိုကြီးဖိုးအေးတို့ပဲ နိုင်မှာပါ ည ကျရင် အဆောင်မှာ အောင်ပွဲနော်
ကိုဖိုးအေး။အေးပါကွာ
ကျော်ထွန်း။ဟို မီးတုတ်တွေလဲ တော်တော် လှုပ်ရှားတယ်နော်
ကျော်ထွန်း မေးငေါ့ပြရာသို့ အားလုံး လိုက်ကြည့်ကြ
အောင်ဆနး ကျော် ငြိမ်း သိန်းဖေ သီဟန် တို့ ခေါင်းချင်းဆိုင်ကာ စကားပြောနေ
ကိုဖိုးအေး။စာရင်းမရှိပါဖူးကွာ ဟို သိန်းဖေ ဆိုတဲ့ကောင်ကတော့လည်တယ် နဲနဲ သတိထားရမယ်
အညာသားမှုန်ကုပ်ကုပ်ကတော့ ငကြောင်ရယ်
ကျော်ထွန်း။နယူးဘားမားမှာ လက်ထောက်အယ်ဒိတာ လုပ်နေတဲ့ကိုအောင်သန်းရဲ့ညီ အောင်ဆန်းလေ
ကျောင်းသား(၂)။ဘ၀င်မြင့်နေတာလား ဦးနှောက်ရေချိန်မကိုက်တာလား တစ်ခုခုတော့တစ်ခုခုပဲ
လမ်းမှာတွေ့ရက်နဲ့နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။တစ်ခါက ကျွန်တော်က ထမင်းစားပြီးပြီလားလို့မေးတော့
စိန်းစိန်းကြီးကြည့်ပြီး ဘာမှပြန်မပြောပဲ လှည့်ထွင်သွားတာ
ကိုဖိုးအေး။စည်းရုံးရေး ကောင်းတဲ့ သဘောပေါ့ကွာ ဟားဟားဟားဟား
အားလုံး တ၀ါးဝါး ရိလိုက်ကြ
ထိုရီသံ ကျော် ငြိမ်းတို့ စကားဝိုင်းထိရောက်လာ။
ကျော်ငြိမ်း။သိန်းဖေ မင့် အလိုတော်ရိတွေ သိတ်မြူးနေတယ်နော်
သိန်းဖေ။သူတို့နိုင်ဖို့ သေချာနေပြီကိုး
အောင်ဆန်း။ပြန်မယ်
သိန်းဖေ။ဟာ နေဦးလေ မဲတွေရေလို့မှ မပြီးသေးပဲ။ဘယ်သူတွေ အရွေးခံရတယ် ဆိုတာ ကြေညာ ပြီးမှ ပြန်လေ
အောင်ဆန်း။မင်းတို့နားထောင်ထားလဲပြီးတာပဲ ငါ စာသွားဖတ်တော့မယ်
ပြောပြောဆိုဆို အောင်ဆန်း လှည့်ထွက်သွား
ကျော်ငြိမ်း(ခနဲ့တဲ့တဲ့ပြုံးရင်း)ဟင်း ဟင်း သိန်းဖေ တို့ စည်းရုံးရေး ကတော့ တယ်ကောင်း ကွာ
သိန်းဖေ။မဆိုင်ဖူးလေ ဒါ သူ့စရိုက်ပဲဟာ
စီစဉ်သူ(အော်ပြီးပြော)ကိုင်း အားလုံး မဲ ရေတွက်မယ် ရှေ့ကို လာခဲ့ကြပါ
ကျောင်းသားအားလုံး စားပွဲနားသို့ကပ်လာကြ

အဓိပတိလမ်းအတိုင်းလျောက်လာသော အောင်ဆန်း။
ထွန်းအုံ။ဟေ့ ကိုအောင်ဆန်း ရွေးကောက်ပွဲ ပြီး သွားပြီလား
အောင်ဆန်း။မဲကြေညာနေပြီ
ထွန်းအုံ။ခင်ဗျားတို့အဖွဲံ ရွေးကောက်ပွဲ ၀င်တယ် မဟုတ်လား နိုင်သလား
အောင်ဆန်း။ရှုံးတယ် အဲ အဲ ရှုံးမှာသေချာတယ် ခင်ဗျား ဘယ်သူ့ကို မဲ ထည့်လဲ
ထွန်းအုံ။ဟဲဟဲ ပြောရမှာတော့ အားနာပါတယ်ဗျာ ခင်ဗျားကို ကျွန်တော် မဲ မထဲ့ခဲ့ဖူးဗျ
အောင်ဆန်း။ဟားဟား ကောင်းတယ် မဲ တန်ဖိုး ဆိုတာ ဒီလို ထားမှပေါ့ဗျာ ကောင်းတယ်
နောက်မှ အေးအေးဆေးဆေး စကားလာပြောဦးမယ်
ပြောပြောဆိုဆို အောင်ဆန်းထွက်သွား
ထွန်းအုံ ကြောင်ပြီး ကျန်ရစ်
ထွန်းအုံ။(တစ်ယောက်ထဲရေရွတ်ပြီးပြော)သူ့ကို မဲမထည့်တာများပျော်သွားသလားမသိ ရူးများနေလား
ထွန်းအုံခေါင်းကုတ်ပြီး အဆောင်ဖက်လှည့်ထွက်

ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်း(၄)

နေရာ။ကိုအုန်းအခန်း
အချိန်။ညနေ ၄ နာရီခွဲခန့်
ပါဝင်သူများ။ကိုနု ကိုအုန်း အောင်ဆန်း ကျော် ငြိမ်း သိန်းဖေ သီဟန်

အခန်းထောင့်မှာ အောင်ဆန်း Edmund Burke ၏ ပါလီမန်မိန့်ခွန်းများ စာ အုပ်ဖတ်နေ
ထိုမှ ကင်မရာ Tilt up ကိုနု လမ်းလျောက်လာ(ကိုနု မိတ်ဆက်ဖြစ်သည်)
ကျော်ငြိမ်း သိန်းဖေ စားပွဲ ခုံ တွင်ထိုင်နေ။
သိဟန် ကိုအုန်း ဆက်တိခ(ခုံရှည်)ုံတွင် ထိုင်နေ
ကိုနု။ကိုဖိုးအေး တို့ ကိုကျော် ထွန်းတို့ ကျောင်းသားသမဂ္ဂမှာ နေရာယူထားကြတယ် ဆိုတာ
ကိုယ် နယ် မှာ နေကထဲက ကြားပါတယ်
သိန်းဖေ။ကျွန်တော် တို့ကို သူတို့က မီးဒုတ်ကလေးတွေတဲ့ ကျွန်တော် ကလဲ သူတို့ကို
အလိုတော်ရိ တွေ လို့ ပြန်ခေါ်ထားတယ်
ကိုအုန်း။တစ်ခုရှိတာက ကိုယ့်လူတွေ ကျောင်းသားသမဂ္ဂထဲများများ ရောက်နေဖို့လိုတယ်
အောင်ဆန်း။ရွေးကောက်ပွဲ ၀င်ပေါ့ ခင်ဗျားတို့တော့ ကျွန်တော် မသိဖူး ကျွန်တော်တော့
ရွေးကောက်ပွဲ ၀င်ဖို့ မနက်ဖြန် စာရင်းသွားပေးတော့မယ်။
ကျော်ငြိမ်း။အဲဒီလို တစ်ယောက်တစ်ပေါက် လျောက်လုပ်နေလို့တော့ ဘယ်ဖြစ်မလဲ
ကျွန်တော် တို့ သေသေချာချာ ပြင်ဆင်ပြီးမှ သမဂ္ဂ ကို ၀င်မယ် အုပ်စု နဲ့ဝင်မယ်
သိန်းဖေ။ကျွန်တော့စိတ်ကူးကတော့အဖွဲ့တစ်ဖွဲ့ဖွဲ့မယ် ယာယီအားဖြင့်အဖွဲ့နာမည်ကို (ဃ)ကြီး လို့ပေးမယ်
ကျွန်တော် တို့လူတွေ အကုန်လုံး သမဂ္ဂထဲရောက်ဖို့ရယ် အလိုတော်ရိတွေတစ်ယောက်မှ
သမဂ္ဂထဲမှာ မရှိတော့ဖို့ရယ် အဲဒါ (ဃ)ကြီးအဖွဲ့ရဲ့ ရည်ရွယ်ချက်ပဲ
ကိုနု။ကောင်းသားပဲ ကိုသိန်းဖေ နဲ့ ကိုကျော်ငြိမ်း လုပ်လေ လိုတဲ့အချိန်မှာ ကိုယ်အဆင်သင့်
ဖြစ်နေစေရမယ်
ကိုအုန်း။ကဲ (ဃ)ကြီးအသင်းဖွဲ့စည်းခြင်းအနေနဲ့ လက်ဖက်ရည်လေး တော့ သုံးဆောင်ကြပါဦး
အောင်ဆန်း ပြတင်းပေါက်ရှေ့မှာ စာအုပ်ကိုဖတ် လိုက် ပိတ်လိုက် လုပ်ကာ တတွတ်တွတ်ရွတ်နေ
ကိုနု အောင်ဆန်းဖက်သို့မေးငေါ့ပြ
သိန်းဖေ က မျက်စေ့မှိတ်ပြပြီး လွှတ်ထားလိုက်ဟူသော သဘောသက်ရောက်သည့် အမူအယာပြ
အားလုံး စားပွဲ မျာ ၀ိုင်းထိုင်ကြ
အနီးကပ်ပြကွက်ဖြင့် လက်ဖက်ရည် ကရား ငှဲ့လိုက်ပုံ

Thursday, January 3, 2008

ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်း(၃)

နေရာ။ပဲခူးဆောင်
အချိန်။ည ရနာရီ
သရုပ်ဆောင်။အောင်ဆန်း။သိန်းဖေ။သီဟန်။ကျော်ငြိမ်း

ဖိုင်တွဲ ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး
ကျော်ငြိမ်း။အဲဒီတော့ ဒါဘာဆက်လုပ်ရမှာလဲ
သိန်းဖေ။ပြီးပြီလေ ရပ်လိုက်ရုံပဲပေါ့
အောင်ဆန်း။မဟုတ်သေးပါဖူး မင်းဟာ က ရှုပ်ချည် နှပ်ချည် နဲံ့
သိန်းဖေ။ဒါနိုင်င့ရေးပဲ ကိုယ်မှားတယ် ထင်တဲ့ဟာကို ဇွတ်ပေတေ လုပ်နေလို့မရဖူး ပြင်သင့်ပြင်ရမှာပဲ
ကျော်ငြိမ်း။ခု ကျောင်းသားတွေက မင်းလက်မှတ်လိုက်ထိုးခိုင်းလို့ တွဲရေးကိုဆန့်ကျင်ပြီး ခွဲရေးတွေ ဖြစ်ကုန်ပြီ ခု မင်းက တွဲရေးပြန်ဖြစ်သွားတော့ ဘာပြောကြမလဲ အရူးမ လင်လုပ်၇သလိုပဲ
သိန်းဖေ။ငါတွဲရေးဖြစ်သွားပြီဆိုတာကို ငါကိုယ်တိုင် လိုက်ပြန်ပြောမှာပေါ့ သူတို့အထင်လွဲရင်လဲ ငါ သေသေချာချာ လိုက်ရှင်းပြမှာပေါ့ဒါပလြေ
အောင်ဆန်း။မင်းလုပ်ပုံက မဟုတ်သေးပါဖူး မင်းဟာက ဟိုကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်ဆိုတဲ့ဟာကြီး ငါ မကြိုက်ဖူး
စကားဝိုင်းတိတ်ဆိတ် သွား။ခတ်လှမ်းလှမ်း သို့တွေ ပြီးငေးနေကြ
သီဟန် အခန်းထဲသို့ဝင်လာ
သီဟန်။ကိုနု ပြန်ရောက်နေပြီ နက်ဖန် ကို အုန်းအခန်းမှာ ဆုံကြရအောင်တဲ့
ကျော်ငြိမ်း နဲ့သိန်းဖေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ပြုံးလိုက်ကြ။